မော်လမြိုင်မြို့သည် ညနေပိုင်းချိန် ကမ်းနားလမ်း၌လေညှင်းခံလမ်းလျှောက်ထွက်သူများ လူ
ငယ်များအုပ်စုဖွဲ့၍ဂစ်တာတီးသူများနှင့် အခြားကျန်းမာရေးအရလမ်းလျှောက်သူများဖြင့်စည်ကားလှပါ
သည်။ထို့အတူအရက်သေစာသောက်စားထားသောလူငယ်များအဖို့လည်းဆိုင်ကယ်အပျော်တမ်းစီးသည့်
လမ်းမသဖွယ်ဖြစ်နေသည်မှာ ကမ်းနားလမ်းပင်ဖြစ်နေပါသည်။
ယမန့်နေ့ည ၅-၁၂-၂၀၁၂ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရာမ
ညဇက်ကူးတံတား နှင့် NLD ပါတီရုံးအကြားတွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟုသိရပါတယ်။
အခင်းဖြစ်ပွားချိန် ဆိုင်ကယ်စီးသူတစ်ဦးမှာအရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ပို့ဆောင်ရန်လိုအပ်ခဲ့ပေ
မဲ့လည်း NLD ပါတီရုံးမှပါတီဝင်များမှာ ကူညီဖေးမမှုမရှိပဲ ရုံးတံခါးကိုပင်ချက်ချင်းလာပိတ်သွားသည်ဟု
မျက်မြင်သက်သေတစ်ဦးမှပြောပြသွားခဲ့ပါတယ်။အခြားလမ်းသွားလမ်းလာများ၏ကူညီဖေးမမှုကြောင့်
ဒဏ်ရာရသူကိုဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူတစ်ဦး၏ပြောပြချက်အရ " ငါတို့
နှင့်က အတော်လေးဝေးတယ် လမ်းဘေးမှာ အသံကြားလို့ကြည့်တာဘာဖြစ်မှန်းမသိရဘူး၊
တခြားဆိုင်ကယ်တွေလည်းသိပ်မရှိတော့ဘူးနောက်မှငါတို့သွားကြည့်တာဆိုင်ကယ်သမားတစ်ယောက်
ကတွဲပြီးဆေးရုံပို့ဖို့လုပ်နေတာ၊ ရှေ့မှာNLD ပါတီရုံးရှိတယ် လူတွေလည်းရှိတယ် လာမကူဘူးတံခါးပိတ်ပြီး
ကြည့်နေကြတယ်၊လူစိတ်မရှိကြဘူးကွ" ဟု ကမ်းနားလမ်းတွင်လမ်းလျှောက်ထွက်လာသူ ဦးလေးတစ်
ယောက်မှပြောပြသွားခဲ့တာပါ။
Source: ရာဟု
No comments:
Post a Comment