Links

clock

Friday, January 4, 2013

ရုပ်ရှင်အစည်းအရုံးဖျက်သင့်ပြီ

မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားများအပေါ်ဆင်ဆာဖြတ်တောက်
မှုများမရှိတော့သည့်အတွက် မြန်မာ့ရုပ်ရှင်အစည်းအရုးံအားဖျက်သိမ်းသင့်ကြောင်း အမည်မဖော်လို
သော ရုပ်ရှင်မင်းသားတစ်ဦးမှပေးစာပေးပို့လာပါတယ်
  
    "မြန်မာ့ရုပ်ရှင် လောကတိုးတက်မှုမရှိခင် ယဉ်ကျေးမှုပျက်ပြားစေသည့်အမူအယာ၊သရုပ်
ဆောင်မှုများ၊ ၀တ်စားဆင်ယင်မှုများသည် တဟုန်ထိုးအကျင့်ပျက်ပြားလာပါတယ်။ဒါပေမယ့် မြန်မာ့
ရုပ်ရှင်လောကမှာ ပို၍သာညံ့ဖျင်းလာတာကိုတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ကိုယ့်လောက
သားတွေက ဒီလိုဖြစ်နေတော့ ကျွန်တော်လည်းမကောင်းဘူး၊ ပရိတ်သတ်ကပြောရင်ကျွန်တော်
လည်းပါသွားပြီ၊ ပိုဆိုးတာက ရန်ကုန်ကရှိုးပွဲတွေမှာ ဖျော်ဖြေတဲ့ မော်ဒယ်တွေပါ။သူတို့ကအကုန်
ဖော်ချွတ်နေကြပြီ။ သရုပ်ဆောင်မင်းသမီးတွေဆိုပိုဆိုးပါတယ်။
    ဆင်ဆာမှမရှိတော့ရင် ဒီအဖွဲ့အစည်းကိုထိမ်းချုပ်မယ့် အစည်းအရုံးကလိုသေးလို့လား၊မ
လိုအပ်တော့ပါဘူး။ပြီးတော့ 2012 အတွက်အကယ်ဒမီဆုပေးပွဲဆိုရင်တော်တော်အရှက်ရခဲ့ပါတယ်။
လာဘ်စားတယ်လို့လည်းကြားရတယ်။ရတဲ့မင်းသားက ဘယ်သူ့သားဖြစ်နေလို့ဘာလို့တို့ပေါ့။တရား
ဥပဒေမှမရှိတော့ရင် တရားရုံးထားဖို့မလိုတော့ဘူး ၊ ၀ယ်သူမရှိတဲ့ဆေးဆိုင်ရောင်းလို့မရတော့သလို
ဆင်ဆာမရှိတဲ့ရုပ်ရှင် အစည်းအရုံးဘာလို့ထားနေတော့မှာလည်း၊ သူတို့ကဘာတွေကိုတိုးတက်
အောင်လုပ်ပေးနိုင်တော့လို့လည်း" ဟုပေးပို့လာပါသည်။

No comments:

Post a Comment