Links

clock

Friday, January 4, 2013

Eleven Media Group မှသတင်းထောက်များထဲတွင် ကျောင်းမတက်ဖူးသူပါဝင်နေ

 
 လွတ်လပ်ရေးနေ့ရောက်ခဲ့လို့လွတ်လပ်ရေးနေ့အကြောင်းကို ပြည်သူအများမှချီးချူးထော
ပနာပြုဆောင်းပါးတွေရေး၊အားကစားပွဲ ဂုဏ်ပြုပွဲတွေကျင်းပ စသည်တို့ကိုလုပ်ဆောင်နေချိန်မှာ
တော့ EMG ကငွေနောက်လိုက်များမှာ အချိန်အခါကောင်းကိုအခွင့်ယူကာ ပြည်သူနဲ့အစိုးရ အမျိုးမျိုး
သွေးကွဲစေရန် ရေးသားဖော်ပြသွားပါတယ်။၎င်းတို့ရေးသားဖော်ပြသွားသည်ကတော့ ၁၉၈၈ ခုနှစ်
နောက်ပိုင်း ပြောချင်သည်ကတော့ တပ်မတော်အစိုးရလက်ထက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
ပွဲများမရှိခဲ့ပါဘူးဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရပါသည်။

    EMG ရေ လွတ်လပ်ရေးနေ့ကို တပ်မတော်အစိုးရလက်ထက်ကပိုလို့တောင်ကျင်းပဖြစ်
ခဲ့တာပါ။ဟိုမရောက်ဒီမရောက် ခုမှအစ်မအစ်မ ဖြစ်နေတဲ့ သူများကသာ လွတ်လပ်ရေးနေ့ကိုမေ့ပြီး
New Year လောက်ကိုသာသိခဲ့တာလေ။အားကစားပွဲတွေကျင်းပပေးတာ ယခင်ကထက်ပိုပါသေး
တယ်။တပ်မတော်တွင်းမှာပိုလို့တောင် အထိမ်းအမှတ်ပြုပျော်ပွဲရွှင်ပွဲတွေလုပ်ခဲ့ကြတာပါ။EMG တို့
ပြောချင်တဲ့ လွတ်လပ်ရေးနေ့ဟာ တပ်မတော်အစိုးရလက်ထက်မှာ ပပျောက်သွားတယ်ဆိုတာ ဘယ်အကြောင်းအရာကိုထောက်ပြပြောဆိုချင်တာပါလည်း။လက်တလုံးခြားလုပ်ပြီး ပြည်သူများကို
လိမ်ညာမစားချင်ပါနဲ့။တပ်မတော်အစိုးရက နှစ်နှစ်ဆယ်အုပ်ချုပ်ခဲ့စဉ်ကာလလွတ်လပ်ရေးနေ့တွေ
မှာ ဘယ်နှစ်ခုနှစ်က မကျင်းပပဲနေခဲ့ဖူးပါလည်း။သေချာအောင်လည်းလုပ်ပါအုံး EMG ရယ်။ငွေရ
တိုင်းမျက်စိတ်မှိတ်မထားပါနဲ့။ပြည်သူတွေ မယုံချင်တော့ဘူး။အောင်မြင်ကာနီးမှခွေးကျ ကျသွားအုံး
မယ်။ ကျောင်းစာအုပ်ကအစ လွတ်လပ်ရေးနေ့အကြောင်းကိုသင်ကြားပေးခဲ့တာတပ်မတော်အစိုးရ
လက်ထက်မှာပါ။နောက်ကလေးငယ်တွေလွတ်လပ်ရေးအကြောင်းမသိဘူးဟုပြောနေတဲ့ သူများ
ကျောင်းမှနေဖူးပါရဲ့လား။မူလတန်း၊အလယ်တန်း၊အထက်တန်းစသည်တို့မှာ လွတ်လပ်ရေးနဲ့ပတ်
သက်နေတာတွေကိုသက်ကြားပေးလျက်ပါ။EMG ကသတင်းထောက်များနှင့်အယ်ဒီတာ တို့ကျောင်း
မနေဖူးခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ် ငွေကြောင့်မသိချင်ယောင်ဆောင်သွားတာများလား။
    ကျင်းပတော့လည်းအပြစ်ပြောခဲ့တာ ပဲမဟုတ်ပါလား။လွတ်လပ်ရေးနေ့မှာ ချောတိုင်
တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲအားကစားထည့်လို့ ပြည်သူတွေ ကုန်းချောတတ်အောင်၊ တစ်ယောက်နဲ့
တစ်ယောက်ရိုက်နှက်နေအောင် ရည်၇ွယ်ချက်နဲ့ထည့်သွင်းထားသည်ဟု သမုတ်ကြပြန်တာ လူ
ကြီးလူကောင်းတစ်ယောက်ရဲ့ဝေဖန်မှုမျိုးလားခင်ဗျာ။ဒါဆိုရင် ဘောလုံးပွဲထည့်သွင်းတာတို့၊ မုန့်စား
ပြိုင်ပွဲထည့်  ကျင်းပတာတို့ဆိုရင်ဘောလုံးကျတော့ ဟိုဘက်ပုတ်ထုတ် ဒီဘက်ပုတ်ထုတ်တတ်
အောင်သင်ပေးတာပေါ့၊ မုန့်စားပြိုင်ပွဲက EMG တို့လို ငွေစားတတ်အောင်သင်ပေးနေတာဖြစ်နိုင်တာ
ပေါ့။မှတ်သားစရာကောင်းလှပါတယ်။ EMG မီဒီယာက သတင်းထောက်များ အတွေးအခေါ်ဟာ
ခုခေတ် မူလတန်းကျောင်းသားလောက်တောင်မရှိတော့တာဝမ်းနည်းမိပါကြောင်း.......   

No comments:

Post a Comment