Links

clock

Sunday, January 27, 2013

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ


မုံးယား/ မုံးဟောင် နယ်မြေ၌ KIA အကြမ်းဖက် သောင်းကျန်း သူများ လျှို့ဝှက် ထားသော သိမ်းဆည်းရမိ လက်နက် မျိုးစုံအား တွေ့ရစဉ်။  
မုံးယား/ မုံးဟောင် နယ်မြေ၌ KIA အကြမ်းဖက် သောင်းကျန်း သူများ လျှို့ဝှက် ထားသော သိမ်းဆည်းရမိ လက်နက် မျိုးစုံအား တွေ့ရစဉ်။
နေပြည်တော် ဇန်နဝါရီ ၂၅
KIA အကြမ်းဖက် သောင်းကျန်း သူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ထမ်းဆောင်လျက် ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင် များအား အဆက်မပြတ် တိုက်ခိုက်မှု များကို မလိုလားသော၊ လက်မခံ နိုင်သော ဒေသခံ ပြည်သူများ၏ သတင်းပေး မှု အရ နယ်မြေခံ တပ်မတော် လှုပ်ရှား စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့များသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီ ၂၅ မိနစ် ခန့်က မုံးယား/ မုံးဟောင် နယ်မြေ အတွင်း ရှင်းလင်း ခဲ့ရာ KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်းဆည်း ထားသည့် လက်နက် မျိုးစုံ ၁ဝ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည်။ ဒေသခံ ပြည်သူများ အနေဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လုပ်ရပ်များ အပေါ် မကျေနပ် ချက်များ၊ စက်ဆုပ် ရွံရှာမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့စစ် များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါတယ်။
မြ၀တီ

No comments:

Post a Comment