နေပြည်တော် သြဂုတ် ၂၈
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် သြဂုတ် ၂၇ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် ဝမ်ဆောင်းကျေးရွာ အုပ်စု ဝမ်ကမ်နွဲ့ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူသုံးကုန် ပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဝမ်ဆောင်း ကျေးရွာ အုပ်စုနှင့် ကတ်ထိုက်ကျေးရွာ အုပ်စုများမှ ဒေသခံ ပြည်သူ ၇၅ဦးအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု အခြေအနေများနှင့် ရေလွှမ်းမိုးခြင်း ခံရသော ကျေးရွာများတွင် တပ်မတော်သား များက ပြန် လည် ထူထောင်ရေး လုပ်ငန်းများ လုပ်အားပေး ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။













No comments:
Post a Comment