Soruce: From MWD
ဆိုက်ဘာတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်ဒါ အကြမ်း ဖက်အုပ်စုများကို အကူအညီ အထောက်အပံ့များ ပေးနေမည့်အစား ဆီးရီးယား အစိုးရ တပ်ဖွဲ့များနှင့်အတူ ယှဉ်တွဲ၍ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် အမေရိကန် စစ်သားများကို ကြိုဆိုပါကြောင်း ရေးသားထားသည့် မက်ဆေ့ခ်ျတစ်စောင်ကို ၎င်းဝက်ဘ်ဆိုက်တွင် တင်ထားခဲ့သည်ဟု စက်တင်ဘာ ၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့အပြင် ၎င်းစာထဲတွင် အမေရိကန် စစ်ဘက်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ''ဆီးရီးယားရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများအတွက် တိုက်မည်မဟုတ်'' ဆိုသည့်စာကို ကိုင်၍ ၎င်းတို့၏ မျက်နှာများကို ဖုံးကွယ်ထားသည့် ဓာတ်ပုံငါးပုံကို ဖော်ပြထားကြောင်း သိရသည်။
No comments:
Post a Comment