လားရှိုးမြို့တွင် မေလ(၁၆)ရက်နေ့၊ နံနက်(၃)နာရီ(၃၀)မိနစ်ခန့်က (၃)ရပ်ကွက်၊ဗိုလ်ချူပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ
ကမ္ဘောဇဘဏ်(၁) အနီးနှင့် (၂)ရပ်ကွက်၊ စံကောင်းလမ်းနှင့် သိန်းနီလမ်းထောင့်ရှိ CB ဘဏ်အနီးတို့တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" ပေါက်ကွဲတဲ့ အသံက အကျယ်ကြီးပဲ။ ဖြစ်ချိန်က (၃)နာရီခွဲမှာ ကမ္ဘောဇဘဏ်နားမှာ အရင်ပေါက်တာ။ ၁၀ စက္ကန့်လောက်ဘဲ ခြားတယ် ကျွန်တော်တို့ဘဏ်နားမှာက နောက်မှပေါက်တာပါ။ ကျွန်တော်က ဘဏ်ရှေ့မှာထိုင်နေတာ။ ဒါပေမယ့် မိုးလေးက နည်းနည်းရွာနေတော့ မိုးကြိုးပစ်...တယ်လို့ပဲ ထင်နေတာ။နောက်မှ ကျွန်တော်တို့ဘဏ်နောက်က ထရန်စဖော်မာအောက်မှာ
ပေါက်တာကို သိတာ"ဟု CB ဘဏ်မှ အစောင့်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူမရှိကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
source: EMG













No comments:
Post a Comment