သစ်ခိုးထုတ်ရန်အတွက်ရွာသားများအား KIA မှဖမ်းဆီးခေါ်ဆောင်သွားပုံ
ပြီးခဲ့တဲ့ရက်ပိုင်းတွေက တပ်မတော်နှင့် KIAတို့အကြားဖားကန့်ဒေသဘက်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။KIA တပ်ရင်း(၆) မှအဖွဲ့တွေဟာ ဖားကန့်ဒေသတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိသောလုပ်ငန်းခွင်သုံး
မော်တော်ယာဉ်များ၊ အဆောက်အဦများကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ ထိုသို့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြောင်းမဲ့ဖျက်စီးနေခြင်းကြောင့်
တပ်မတော်စစ်ကြောင်းမှ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရပါတယ်။ သို့ပေမယ့် အချို့သောမီဒီယာများကတော့ သတင်းအမှန်ကို အမှောင်ချကာ ကျောက်စိမ်းတူးဖော်တဲ့ကုမ္မဏီ ကိုတိုက်ခိုက်၍သာ တပ်မတော်ကတိုက်ခိုက်ခြင်းဖြစ်ကြောင်းရေးသားဖော်ပြခဲ့ပါတယ်။ တပ်မတော်သည် ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်လာသူမှန်သမျှအား ပြည်သူလူ
ထုဖက်မှရပ်တည်ကာ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ပါသည်။ KIA သောင်းကျန်းသူများ ယခုကဲ့သို့တိုက်ခိုက်ခြင်းမှာ ၄င်းတို့အဖွဲ့များ ဖားကန့်ဒေသမှ ကျောက်စိမ်းများကို တရုတ်ပြည်ဖက်သို
့မှောင်ခိုတင်သွင်းမှုမပြုလုပ်နိုင်တော့ခြင်း ကချင်ပြည်နယ်ရှိသစ်တောများကို နည်းမျိုးစုံဖြင့်ခုတ်လှဲ၍ မှောင်ခို
တင်သွင်းခြင်းများမပြုလုပ်နိုင်တော့ခြင်း၊ မူးယစ်ဆေးဝါးများထုတ်လုပ်၍ ၀င်ငွေမရှာနိုင်တော့ခြင်းများကြောင့်
ဖားကန့်ဒေသရှိအပြစ်မဲ့ပြည်သူများ၏ အိုးအိမ်စည်းစိမ်များအားဖောက်ခွဲဖျက်စည်းခြင်းများပြုလုပ်နေခြင်းဖြစ်
ပါသည်။ သို့ရာတွင် မီဒီယာအချို့၏ ဖော်ပြချက်များတွင် KIA အဖွဲ့၏ပြစ်မှုများကိုလစ်လျူရှု့ပြီး တပ်မတော်မှ တပ်မတော်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်းကိုသာ အပုတ်ချရေးသားနေတာကိုတွေ့
ရပါတယ်။ ထိုသို့ရေးသားနေခြင်းသည် မီဒီယာဆိုသည့်ဂုဏ်ပုဒ်နှင့်ပင်မလိုက်အောင် ပြည်သူလူထုအတွက်
တိကျမှန်ကန်သောသတင်းများကိုဖော်ပြခြင်းမပြုပဲ ဘက်လိုက်ဝါဒ တနည်းအားဖြင့်ဆိုသော် ငွေနောက်
လိုက် အတင်းပြောသမားများဟုသတ်မှတ်ရမည်သာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်း
ပေါ်သို့စတင်လျှောက်လှမ်းချိန်မှစ၍ မီဒီယာကဏ္ဍအား စတုတ္ထမဏ္ဍိုင်ဟုပင် တင်စားပြောဆိုဦးစားပေးခဲ့ပါ
သည်။ ထို့အပြင် မီဒီယာလွတ်လပ်ခွင့်ဥပဒေများကိုလည်းမြောက်များစွာလျော့ချပေးခဲ့လို့ ယခုဆိုလျင် မီဒီ
ယာလောကသမားများသည် သတင်းများကိုလွတ်လပ်စွာရေးသားခွင့်ရှိနေပြီဖြစ်ပါသည်။ သို့ပါသော်လည်း
ထိုသို့သောလွတ်လပ်မှုကိုအခွင့်အရေးယူကာ မီဒီယာကျင့်မ၀တ်မစောင့်ထိမ်းပဲ သတင်းများကိုမိမိလိုရာသို့
ဆွဲရေးလာနေကြတာကိုတွေ့မြင်နေရပါတယ်။ ထို့ကြောင့် ပြည်တွင်းပြည်ပ မီဒီယာသမားများသည် သတင်း
မှန်များကိုရေးသားမှုနည်းပါးလာပြီး ပုဂ္ဂိုလ်ရေးမုန်းတီးချက်များကိုဦးစားပေးသတင်းလုပ်ရေးသာနေမှုများကို
သတိထား ဖတ်ရှု့ပြီး ပြည်တွင်းပြည်ပမီဒီယာများ၏ သတင်းများအား စဉ်းစားချင့်ချိန်၍သာယုံကြည်ဖို့လိုအပ်
ကြောင်း ရေးသားဖော်ပြအပ်ပါသည်။














No comments:
Post a Comment