Links

clock

Sunday, June 21, 2015

MERS အီဘိုလာ၊ အေအိုင်ဒီအက်စ် စသည့်ရောဂါများ ပျောက်ကင်းဆေးတွေ့ပြီဟု မြောက်ကိုရီးယား ပြောကြား

MERS အီဘိုလာ၊ အေအိုင်ဒီအက်စ် စသည့်ရောဂါများ ပျောက်ကင်းဆေးတွေ့ပြီဟု မြောက်ကိုရီးယား ပြောကြား
**********************************************************************************
Source: Eleven Media Group

MERS အီဘိုလာ၊ အေအိုင်ဒီအက်စ် စသည့်ရောဂါများ ကုသပျောက်ကင်းရေးတွင် အလွန်ထိရောက် ထက်မြက်သော ကာကွယ်ဆေးကို ဖော်စပ်ရရှိပြီဟု မြောက်ကိုရီးယားက ဆိုလိုက်ပြီး အခြားသော ရောဂါများနှင့် ဖျားနာမှုများစွာကိုလည်း သက်သာပျောက်ကင်းစေနိုင်သော ဆေးဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရအာဘော် KCNA သတင်းအေဂျင်စီက ဆိုသည်။

ခွန်ဒန်-၂ ဟု အမည်ပေးထားသည့် အဆိုပါဆေးဝါးသည် MERS တီဘီ၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ စသည့်ရောဂါ အားလုံးကို ကုသပျောက်ကင်းစေနိုင်စွမ်းရှိကြောင်း ဆိုသလို ကွန်ပျူတာ အသုံးပြုမှုကြောင့် သက်ရောက်ထိခိုက်သည့် အန္တရာယ်များအပြင် ကိုယ်ဝန်ဆောင်စ၌ နံနက်ခင်းတွင် ခံစားရလေ့ရှိသည့် ပျို့အန်လိုမှု ရောဂါမျိုးကိုပင် ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် လက်ရှိတွင် MERS ရောဂါဆိုး ပျံ့နှံ့မှုနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ၂၄ ဦးသေဆုံးကာ ၁၆၆ ဦး ကူးစက်ခံရကြောင်း အတည်ပြုထားပြီး မူလဖြစ်ပွားခဲ့ရာ ဆော်ဒီအာရေဗျပြင်ပတွင် အကြီးမားဆုံး ရောဂါပျံ့နှံ့မှုဖြစ်သည်။

မြောက်ကိုရီးယား၏ ဖူဂမ်ဆေးဝါးကုမ္ပဏီမှ ‘လူတိုင်းကျန်းမာခွင့်ရှိသည်’ ဆောင်ပုဒ်ဖြင့် ထုတ်လုပ်ဆောင်ရွက်နေသည့် ထိုကာကွယ်ဆေးသည် ကိုရီးယားရိုးရာ ဂျင်ဆင်းနှင့် Rare Earth ဒြပ်စင်တို့မှ ထိုးဆေးထုတ်လုပ်ခြင်းဖြစ်ကြောင်း သတင်းဌာနက ဆိုသည်။

“ခွန်ဒန်-၂ ထိုးဆေးဟာ ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန်စေပါတယ်။ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒီထိုးဆေးဟာ အီဘိုလာ MERS, SARS တို့လို အလွန်ဆိုးရွားစွာ အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်တဲ့ ရောဂါတွေကို ကုသပျောက်ကင်းစေနိုင်ပါတယ်” ဟုလည်း ဆိုသည်။

ဆင်းရဲနွမ်းပါးသော မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံသည် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ အလွန်အားနည်းကြောင်း လူသိများသော်လည်း ယခုကြွေးကြော်သည့် ဆေးကို ၁၉၈၉ ခုနှစ်ကတည်းက စတင်စမ်းသပ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း ထိုဆေး၏အစွမ်းနှင့် ပတ်သက်၍ ကြွားဝါခဲ့သည်။ -

No comments:

Post a Comment