Links

clock

Sunday, June 21, 2015

NLD ကိုယ်စားလှယ်လောင်းများ ပိုင်ဆိုင်မှုကိုပြည့်သူ့ထံပွင့်လင်းစွာပြောပြမည်ဟုဆိုရာဝယ်

       
       ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံ့တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် အဂတိတရား လုံးဝကင်းရှင်းရန် လိုအပ်သည့်အတွက် NLD ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် မိမိ၏ ပိုင်ဆိုင်မှုကို ပြည်သူထံ ပွင့်လင်းစွာပြောပြနိုင်ပြီး အချိန်မရွေး စစ်ဆေးခံနိုင်သူများဖြစ်ရမည်ဟု ပြောကြားထားပါတယ်။ ဒီလိုသတ်မှတ်ထားတာလွှတ်တော်အ
တွက်ကောင်းမွန်မှုရှိသလို တိုင်းပြည်အတွက်လည်းကောင်းမွန်မှုတွေရှိပါတယ်။ သို့ပေမယ့်     ပိုင်ဆိုင်မှုကို

ပွင့်လင်းစွာပြောပြနိုင်တာထက် အဲဒီပိုင်ဆိုင်မှုတွေက ဘယ်ကနေဘယ်လိုပိုင်ဆိုင်ထားလည်းဆိုတာကိုပါ
ပြောပြနိုင်ရင်ပိုပြီးကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၄င်းတို့ပိုင်ဆိုင်ထားတာတွေ
ဟာ ပြည်သူတွေရဲ့ဂုတ်သွေးကိုစုပ်ပြီးပိုင်ဆိုင်ထားတာလား ဒါမှမဟုတ်နိုင်ငံခြားတိုင်းပြည် သို့မဟုတ် စီးပွား
ရေးလုပ်ငန်းရှင်ကြီးတွေရဲ့ သူတို့အကြိုးစီးပွားအတွက်နောက်ကွယ်ကနေထောက်ပံ့ထားတဲ့ငွေတွေလားဆို
တာကိုပါစီစစ်ပြီးပြည်သူတွေအပေါ်ဖွင့်ချပြဖို့ပိုလိုပါတယ်။ ဥပမာပြောပြရရင် လွန်ခဲ့သောလတစ်လတွင် ဘာ
မျှတန်ဖိုးမရှိသော မည်သည့်နေရာတွင်မှာမှအသုံးမ၀င်သော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်တံခါးဝကို လေလံတင်းရောင်းချခြင်းဟာ ထိုပါတီကိုနောက်ကွယ်မှစီးပွားရေးလုပ်ငန်းရှင်များက ကူညီ
နေခြင်းဖြစ်တယ်ဆိုတာသိသာလှပါတယ်။ ဒါကတော့ဝယ်သူကကြည်ဖြူလို့ဝယ်ယူမှုဖြစ်လို့ဘာမှမပြောလိုပေ
မယ့် တခြား NLD ပါတီက အမတ်လောင်းတွေရဲ့ပိုင်ဆိုင်မှုကိုပြောပြမယ်ဆိုရင် အလုပ်အကိုင်၎င်းမှရတဲ့တစ်
နှစ်ဝင်ငွေ စသည်တို့ကိုပါတွက်ချက်၍ချပြသင့်ပါတယ်။ NLD ပါတီရွေးကောက်ပွဲဝင်မ၀င် မကြာခင်ကြေငြာ
မယ်လို့ ဒေါ်စုကြည်ကပြောကြားခြင်းသည် ရွေးကောက်ပွဲကော်မရှင်ကို လှည့်စားနေရာရောက်ပါတယ်။ ပြီး
လျှင် ၄င်းပါတီလွှတ်တော်ကိုနွားသိုးကြိုးပြတ်လို မုချဝင်မှာသေချာပါတယ်။ ဘာလို့လည်းဆိုတော့ NLD ပါတီ
ဟာသမ္မတ နေရာနှင့် လွှတ်တော်အမတ်နေရာများကို တမ်းတမ်းစွဲမက်မောနေသောကြောင့်ဖြစ်ပါတယ်။ 
        NLD ကိုယ်စားလှယ်လောင်းများ၏ပိုင်ဆိုင်မှုကိုပွင့်လင်းစွာပြောပြခြင်းသည်ရွေးကောက်ပွဲမ၀င်ခင်တင်
မဟုတ်ပဲ လွှတ်တော်အမတ်ဖြစ်သွားသည့်အချိန်နှင့် နောက်တစ်ဆက်ရွေးကောက်ပွဲအထိ၎င်းတို့၏ပိုင်ဆိုင်မှု
ကို ပြည့်သူ့ထံပွင့်လင်းစွာတင်ပြသင့်ကြောင်း NLD သို့ပြောလိုက်ချင်ပါသည်။

No comments:

Post a Comment