Friday, July 17, 2015
Aircon Vs Democracy
အိမ်တစ်လုံးဟာ တိုက်အိမ်တစ်လုံးဖြစ်တယ်ဆိုရင်တော့ aircon တပ်ဆင်အသုံးပြု
လိုက်ရင် ရာသီဥတုရဲ့အပူဒဏ်ကနေအိမ်ထဲမှာကာကွယ်နေနိုင်ပေမယ့် ဓနိကာပီး ဖက်ရွက်မိုး
ထားတဲ့အိမ်ကို aircon တပ်ဆင်မယ်ဆိုရင်တော့ အဲဒီအိမ်ဟာ အပူဒဏ်ကိုခံမြဲခံနေရသလိုပဲ
Aircon ရဲ့အေးမြမှုဟာ အလဟဿဖြစ်သွားမှာပါ။
ဒီတော့ ဓနိကာ ဖက်ရွက်မိုးအိမ်လေးထဲကိုအေးအောင်ဘယ်လိုလုပ်ကြမလဲ ။ ဒီလိုအိမ်လေးနဲ့
သင့်တော်တဲ့ ပန်ကာကိုတပ်ဆင်အသုံးပြုလိုက်ရင် ဒီအိမ်လေးလည်းအေးမြနေမှာပါပဲ။.........
ဒီလိုပဲ တိုင်းပြည်တစ်ပြည်ဟာ တည်ငြိမ်ကောင်းမွန်နေတဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့ ဖွံ့ဖြိုးဖို့
ကြိုးစားနေရတဲ့အချိန်မှာ တည်ငြိမ်တိုးတက်နေတဲ့တိုင်းပြည်နိုင်ငံတွေလိုတော့ အိနြေ္ဒရရနှင့်
ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်မှာမဟုတ်သေးပါဘူး။ လိုအပ်ချက်တွေအပြည့်
နဲ့ နိုင်ငံတော်ကြီးတစ်ခုကို အဘက်ဘက်ကနေ အချိန်တိုအတွင်းပြင်ဆင်နိုင်ဖို့ဆိုတာ မဖြစ်
နိုင်ပါဘူး။ ကာလအတန်ကြာ အချိန်ယူပြင်ဆင်ယူမှသာ ပြည့်စုံနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်
မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖြစ်ဖို့လိုတယ်လို့ပြောချင်ပါသည်။
ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းခဲ့တာ လေးနှစ်
တာကာလမျှပဲရှိနေပါသေးတယ်။ ဒီ လေးနှစ်တာကာလအတွင်းမှာ
ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေ
ုလိုမျိုးတော့ အဘက်ဘက်ကရှိနေနိုင်မှာမဟုတ်သေးပါဘူး။ ဒါပေမယ့် တိုးတက်မှုတွေရှိနေတာ
ကိုတော့တွေ့မြင်နေကြရမှာပါ။ ဒါတွေကိုအတိုက်အခံတွေက မျက်ကွယ်ပြုနေတာကိုတွေ့ရပါ
တယ်။ အတိုက်အခံဆိုတာ ကောင်းရင်ကောင်းတယ် ဆိုးရင်ဆိုးတယ် လိုအပ်ရင်လိုအပ်တယ်
ထောက်ပြဝေဖန်ပေးရမှာပါ။ ယခုအစိုးရလက်ထက်မှာ
ကြီးကြီးမားမားပြောင်းလဲမှုမတွေ့ရဘူးလို့
ပြောနေတဲ့အတိုက်အခံတွေရှိတာတွေ့ရတော့ ဒီလိုအတိုက်အခံမျိုးနဲ့ ဒီနိုင်ငံတိုးတက်ပါ့မလား
လို့တွေးမိပါသည်။
ယခင်အစိုးရလက်ထက်က အီးတောင်ကျယ်ကျယ်မပေါက်ရဲခဲ့တဲ့ပြည်သူတွေ ယခုအစိုးရကို
တောင်ပြန်ဆဲလို့ရနေပါပြီ။ မီဒီယာတွေစာပေတွေကို အရင်ကတင်းကြပ်စွာပိတ်ထားခဲ့ရာမှ ယခု
စတုတ္ထမဏ္ဍိုင်အဖြစ်တင်စားကာ မီဒီယာလွတ်လပ်ခွင့်တွေပေးနေခဲ့တာ ယခုအစိုးရလက်ထက်
မှာဖြစ်ပါသည်။ ကျန်တာတွေပြောပြရလျင် အများအပြားရှိပါသေးသည်။
မျိုးစောင့်ဥပဒေ ဆိုတာလည်း မိမိတိုင်းပြည် မိမိလူမျိုး မိမိတို့ဘာသာ သာသနာကို
စောင့်ရှောက်ဖို့အတွက်ပါ။ မိမိနိုင်ငံတဲ့ကိုက်ညီတဲ့စည်းမျဉ်းဥပဒေများပြဌာန်းခြင်းဟာ ဒီမိုကရေ
စီစနစ်ကိုသွေဖယ်သွားခြင်းမဟုတ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေဆိုတာဟာလည်း မိမိနိုင်ငံအ
တွက် အချိန်ကြာမြင့်စွာစဉ်းစားတွေးခေါ်ပြီးရေဆွဲခဲ့တာဖြစ်ပါတယ်။ နှစ် ၁၀၀ နီးပါးတိုင်းတစ်ပါး
ကျွန်အဖြစ်ကျွန်ပြုခံခဲ့ရလို့ တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုသလို သူ့ကျွန်ဘ၀ကိုရွံကြောက်
လို့ ၅၉(စ) ဆိုတာကိုထည့်သွင်းရေးဆွဲခဲ့တာပါ။ ပန်းတိုင်ရောက်ဖို့အတွက်
ကြိုးစားလျှောက်လှမ်း
ရမှာ ကျနော်တို့တာဝန်သာဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီသက်တမ်းနုနယ်နေ
သေးသည့်အတွက် နှစ် ၃ ၄ ဆယ်လောက်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေလိုကျင့်သားမရသေးပါဘူး။
ဒီမိုကရေစီစနစ်ကို ကောင်းမွန်စွာအသုံးချတတ်ဖို့ အချိန်ကာလတစ်ခုအထိ လေ့ကျင့်နေထိုင်
သွားမှသာ စနစ်နဲ့တစ်သားတည်းဖြစ်သွားကြမှာပါ။ ထိုအချိန်ကာလတစ်ခုတွင်လည်း
မြန်မာနိုင်ငံ
သည် ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်တဲ့အခြေအနေဖြစ်တည်လာအောင် ၀ိုင်းဝန်းကြိုးပမ်းကြရ
အုံးမှာပါ။ အခုစိုက် အခုသီး အခုစား ချင်လို့တော့ရမှာမဟုတ်ပါဘူး။
Aircon နဲ့နေချင်ရင်တော့ အရင်ဆုံ Aircon ရဲ့အေးမြမှုကိုထိမ်းသိမ်းပေးနိုင်မယ့် အ
ဆောက်အဦးကောင်းကောင်းတော့လိုပါလိမ့်မယ်။ ဒါမှ ပြင်ပကအပူဒဏ်မခံရသလို မိမိတို့ရဲ့
Aircon ရဲ့အေးမြမှုလည်း အလဟဿ ဖြစ်မသွားမှာပါ။ ဒီလိုပဲ ကျနော်တို့မြန်မာနိုင်ငံတော်ကြီး
လည်း ဒီမိုကရေစီရဲ့ အနှစ်သာရ အလဟဿဖြစ်မသွားစေဖို့ အရင်ဆုံး ဒီမိုကရေစီရဲ့အနှစ်သာရ
ကိုထိမ်းပေးနိုင်မယ့် တိုင်းပြည်ဖြစ်လာအောင် အာဏာရပါတီမှလည်း နိုင်ငံတော်ကြီးတိုးတက်ဖို့
ကြိုးစားနေသလို အတိုက်အခံပါတီတွေကလည်း အပျက်သဘောနှင့် ဝေဖန်ခြင်းမဟုတ်ပဲ
နိုင်ငံတော်အကျိုးအတွက် ကောင်းမွန်စွာ ဝေဖန်ကြစေလိုပါတယ်။ စည်းလုံးခြင်းသည် အင်အား
ဖြစ်သည့်အတွက် ကျနော်တို့တွေအားလုံးစည်းလုံးညီညွှတ်နေပါက မြန်မာနိုင်ငံတော်ကြီးသည်
ကမ္ဘာ့အလယ်မှာထည်ဝါစွာ ရပ်တည်နိုင်မှာ ဧကန်မလွဲဖြစ်သလို Aircon နဲ့တူသော ဒီမိုကရေစီ
စနစ်ကြီးရဲ့အနှစ်သာရကိုလည်းပြည်သူတွေအပြည့်အ၀ရနိုင်ကြမှာဖြစ်ပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)














No comments:
Post a Comment