Monday, July 6, 2015
ပါလေရာပွကြီးလုပ်နေတဲ့ တပ်မတော်
ဟိုနေရာရေကြီးလည်း မင်းတို့ပဲ
ဒီနေရာ ရေကြီးလည်းမင်းတို့ပဲ
ဒါတောင်အားမရသေးလို့ ပြည်သူတွေကို ဆေးကုသပေးလိုက်ပြန်သေးတယ်
အမယ် ဒါတင်ဘယ်ကမလဲ ပြည်သူတွေကို ဆန်တွေ ခေါက်ဆွဲခြောက်တွေ ရွှေ
ဖီဦးလဖက်ရည်ထုတ်တွေဝေပေးလိုက်ကြသေးတယ် အဲဒါ မင်းတို့စားဖို့ရိက္ခာ
တွေမဟုတ်လား ဒါကိုမင်းတို့ကမစားပဲ ပြည်သူတွေကိုပေးပစ်လိုက်တယ်
လမ်းဘေးခြုံရှင်းတော့လည်းမင်းတို့ပဲ မိုးထဲရေထဲတောင်မရှောင်ဘူး ပြည်သူ
တွေကိုပစ္စည်းတွေလိုက်ဝေပေးနေကြတယ်
ဟော......... လမ်းတံတားပြင်တော့လည်း မင်းတို့ပါပဲလားကွ
တန်ဖိုးနည်းထမင်းဆိုပြီး ပြည်သူတွေကို တပွဲ ၂၀၀ နဲ့ရောင်းပေးကြပြန်ပီ
ပြည်သူတွေကိုကျတော့ ဆန်တွေခေါက်ဆွဲခြောက်တွေဝေပေးပြီး မင်းတို့က
ဘာစားနေလဲလို့ကြည့်လိုက်တော့ ထမင်းဆားဖြူး ငရုတ်သီးတို့ပါလား
လမ်းပေါ်က သဲနှုံးတွေလည်း ရှင်းပေးလိုက်ပြန်ပီ
ပြည်သူကိုလှေပေါ်တင် မင်းတို့ကျတော့ရေထဲမှာနေတယ်
ဟုတ်ပါပီ မင်းတို့ဒီလောက်လုပ်ပေးနေတယ် မင်းတို့ရော ဘယ်လိုအိပ်ကျလည်း ဆိုတော့ မြေခင်းပါးလေးကို ဒုတ်နှစ်ခြောင်းထောက်
ပီးအထဲဝင်အိပ်လိုက်တာပါပဲဗျာတဲ့ မိုးရွာလည်း မိုးလုံပါတယ်ဆိုလား
မင်းတို့အလုပ်က စစ်တိုက်ရမှာမဟုတ်ဘူးလားလို့မေးတော့
(၁) နိုင်ငံတော်ကာကွယ်ရန်
(၂) လေ့ကျင့်ရန်
(၃) ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန်
ဒါတွေဟာ ဒို့တပ်မတော်ရဲ့ အဓိကတာဝန်ကြီး (၃)ရပ်ပဲတဲ့။
ဒါနဲ့ မင်းတို့က အဲဒီတာဝန်(၃)ရပ်လုံးကိုတပြိုင်တည်း လုပ်နေကြပါလား
ကိုးကန့်မှာ သောင်းကျန်းသူချေမှုန်းနေသလို တောင်ကြီးမှာ တန်ဖိုးနည်း
ထမင်းတွေရောင်းနေကြတယ်။ ရခိုင်နဲ့ ဖားကန့်ဒေသတွေမှာရေကြီး လို့ကူညီ
နေတာလည်းမင်းတို့ပဲ မင်းတို့က နေရာတကာပါနေတဲ့ ရာပါတွေပါကွာ။
ကြည့် ဟိုပါတီဆို အေးဆေးပဲ အာဏာရရေးမဲရဖို့တစ်ခုပဲလုပ်တယ် သူတို့လို
နေစမ်းပါကွာ။ နေရာတကာဝင်မပါပါနဲ့ ။ အေးမင်းတို့ကိုသတိပေးရအုံးမယ်ကွ။
ဟိုပါတီက မဲစာရင်းပညာပေးဆိုလားဘာလားကွာ။ တအိမ်တက်တအိမ်ဆင်းလိုက်ပြောနေတာ ပိုင်နက်ကျူးကျော်မှုနဲ့တရားစွဲခံထား
ရတယ်ကွ။ မင်းတို့လည်း သတိထားအုံး။ မင်းတို့နဲ့တော့ကွာ ခြေတစ်ဖက်ဖြတ်ထားရတာတောင်
ဆေးလိပ်ကအသောက်မပျက် အပြုံးမပျက်ဘူး။ ဒါကြောင့်ဟိုကောင်တွေက မင်းတို့ကိုဆဲတာ
နည်းတောင်နည်းသေးတယ်။ တလောကဆန္ဒပြတဲ့ကျောင်းသား ဆိုမတွေ့ဘူးလား ရဲလာဖမ်း
လို့ သနားအောင် ငိုပြနေတာလေ။ မင်းတို့ကိုဘယ်သနားမလည်းကွာ မင်းတို့က ငိုမှမငိုတတ်
ကြတာ။ မင်းတို့ကို စစ်ခွေးလို့ပြောနေကြတယ် ဟုတ်လား ။ အေးပေါ့ကွ မင်းတို့စစ်တပ်မှာ
ဟို သောင်းကျန်းသူတွေဆီကလို စစ်သမီးလေးတွေကဖျော်ဖြေမှုမှမရှိတာ။ အခေါ်ခံရမှာပေါ့။
ဘာ.....ဟိုကောင်တွေရဲ့ Equipment တွေက မိုက်တယ်ဟလား။ အေး သူတို့လို ဘိန်းစိုက်
သစ်ခိုးထုတ် ဆတ်ကြေးကောက် တာတွေမှမင်းတို့မလုပ်တာ။ မင်းတို့အလို Equipment တွေ
ဘယ်ဝယ်နိုင်မလဲ။ ဟိုကောင်တွေက တံတားတွေဖျက် ဗုံးတွေထောင် မိုင်းခွဲတာတွေလုပ်ရဲ
တယ်ကွ။ ပြည်သူကိုဂရုမစိုက်ဘူး မင်းတို့က အဲလိုလုပ်ရဲလို့လား။ ကိုယ့်ဘ၀ ကိုယ် နားလည်
စမ်းပါကွာ။ မင်းတို့က ပြည်သူကိုကာကွယ်ဖို့၊ ကူညီဖို့၊ စောင့်ရှောက်ဖို့။ သူတို့က ပြည်သူတွေ
ဆီက ဆတ်ကြေးကောက်ဖို့၊ တံတားမိုင်းခွဲဖို့၊ သစ်ခိုးထုတ်ဖို့၊ ဘိန်းစိုက်ဖို့ မူးယစ်ဆေးဝါးထုတ်
ဖို့၊ မတူဘူးကွ ။ ဒါကြောင့် မင်းတို့အလုပ်ပဲမင်းတို့စိတ်ဝင်စားပါကွာ။ ရာပါလုပ်ချင်ရင်လည်း
လုပ်။ ဒါပေမယ့် မင်းတို့ကို စစ်ခွေးလို့ခေါ်နေတဲ့အကောင်တွေက တော့ အခေါ်ရပ်မှာမဟုတ်ဘူး
ကွ အဲဒါနားလည်ထား။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

























No comments:
Post a Comment