Links

clock

Tuesday, July 7, 2015

DKBA မှ ဒေသခံရွာသားများအား အတင်းအဓ္ဓမ လူသစ်စုဆောင်းနေ



    ဇူလိုင် ၇ ၊ 3:00 PM
တပ်မတော်နှင့် DKBA တို့၏တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့ဖြစ်ပွားနေ
ချိန်တွင် DKBA မှစောဆန်းအောင်ဦးစီးအဖွဲ့များမှာ ဆုတ်ခွာထွက်ပြေးလျက် သမီးလေးကျေးရွာ
သို့ရောက်ရှိခဲ့ပါတယ်။ ဒေသခံရွာသူ/ရွာသားများမှာလည်း ၎င်းတို့ရောက်ရှိလာသည့်အတွက်
ရွာအတွင်းတိုက်ပွဲများဖြစ်ပွားမှာကိုစိုးရိမ်လျက်ရှိနေပါတယ်။ ပိုဆိုးသည့်အချက်ကတော့ သမီး
လေးရွာအား စောဆန်းအောင်တို့မှ ၀င်ရောက်စီးနင်းပီးရွာနေလူငယ်လူရွယ်များကို လက်နက်
ပေးကိုင်၍ တပ်မတော်အားတိုက်ခိုက်စေကြောင်း တပ်မတော်၏ ထောက်လှမ်းရေးသတင်းများ
အရသိရပါတယ်။ ရွာသားများမှာ သေနတ်မကိုင်ဘူး၊ မကိုင်တတ်ဖြင့် မည်သို့ပြုလုပ်ရမည်မသိ
ဖြစ်နေကြပြီး တပ်မတော်အစိုးရလက်အောက်သို့ ၎င်းလက်နက်များကိုင်ဆောင်၍ အလင်းဝင်
ရောက်လိုကြကြောင်း တပ်မတော်ထောက်လှမ်းရေးသတင်းများအရ သိရှိရပါတယ်။ ရွာသား
များသည် မိမိတို့အလုပ်အကိုင်ကိုသာ လုပ်ကိုင်လိုကြပြီး စစ်တိုက်လိုစိတ်မရှိကြသလို တိုက်ပွဲ
ကိုလည်းမလိုလားကြပါ။ သို့ရာတွင် စောဆန်းအောင် ဦးစီး DKBA အဖွဲ့မှ အပြစ်မဲ့ရွာသားများ
အား လက်နက်ပေးကိုင်၍ တိုက်ခိုက်စေခြင်းမှာ ကရင်လူမျိုးအချင်းချင်း ယုတ်မာရက်စက်ရာ
ရောက်သည်ဟုလည်း သမီးကလေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူက ပြောဆိုလိုက်ပါတယ်။
DKBA စောဆန်းအောင်၏ အတင်းအဓ္ဓမ လူသစ်စုဆောင်းမှုများကိုမလိုလားသောရွာသားများ
အနေဖြင့် တပ်မတော်သို့အလင်းဝင်ရောက်လိုပါက နီးစပ်ရာတပ်စခန်းများတွင် လာရောက်
အလင်းဝင်နိုင်ကြောင်း တပ်မတော်ဘက်မှ အရာရှိတစ်ဦးက ပြောကြားထားပါတယ်။ "အပြစ်မဲ့
ရွာသားတွေကိုဒုက္ခမရောက်စေချင်ပါဘူး သူတို့ဘက်က လက်နက်ချအလင်းဝင်မယ်ဆိုရင်
မည်သူမဆို ကျနော်တို့ဘက်က အမြဲတမ်းကြိုဆိုလက်ကမ်းလျက်ပါ" လို့လည်း ၎င်းအရာရှိကထပ်လောင်းပြောကြားသွားပါတယ်။

No comments:

Post a Comment