Wednesday, August 19, 2015
“နိုင်ငံရေးပါတီရဲ့ရေဘေးအလှူကားမှာ အကောက်အခွန်မဲ့ ပစ္စည်းတွေမိ “
နိုင်ငံရေးပါတီတစ်ခု၏ ရေဘေးအလှူ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့ ယာဉ်အလှဆင်ပစ္စည်းကျပ်သိန်း ၄၀ ကျော်ဖိုးကို ဖမ်းဆီးမိခဲ့ကြောင်း တရားမဝင်ကုန် သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှုးဦးသောင်းနိုင်ကပြောသည်။
"ကန့်သတ်ကုန်ပစ္စည်း မဟုတ်လို့ လူကိုတော့ အရေးမယူဘူး။ အကောက်အခွန်မဲ့ပစ္စည်းတွေမို့ နိုင်ငံတော်ပိုင် အဖြစ် သိမ်းလိုက်တယ်။ သွားလှူမဲ့ပစ္စည်းတွေကိုတော့ လှူခွင့်ပြုလိုက်တယ်"ဟု ဦးသောင်းနိုင်ကပြောသည်။
မြဝတီမြို့တွင် နေထိုင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ စည်းရုံး ရေးတာဝန်ခံ အသက် ၄၅ နှစ်အရွယ် ဦးဝင်းမြင့်သန်း ခေါင်းဆောင်သည့် ပါတီဝင် ကိုးဦးသည် သြဂုတ် ၁၇ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားကြီးမြို့ ငွေစံအိမ် ထမင်းဆိုင်ရှေ့တွင် ၁၂ ဘီးယာဉ် ပေါ်မှ ပစ္စည်းများ ချနေစဉ် ဖမ်းဆီးမိခြင်းဖြစ်သည်။
"သူက မြဝတီမြို့က ပါတီစည်းရုံးရေးမှုးတော့ဟုတ်တယ်။ ကျွန်တော်တော့ မသိသေးဘူး။ ဘယ်သူမှလည်း မဆက်သွယ်သေးဘူး။ ကျွန်တော်က ဇလွန်မှာ သွားလှူနေတာ"ဟု၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီဥက္ကဌဦးရဲထွန်းက သြဂုတ် ၁၉ ရက်နံနက်တွင် 7Day Daily သို့ ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment