Links

clock

Saturday, August 22, 2015

ရိုးရာလေးဖေ့စ်ဘွတ်ခ်ကို နိုင်ငံခြားသားတစ်ဦး လိမ်လည်ယူသုံးပြီး ငွေညှစ်မှုဖြစ်

   ပြည်တွင်း၌ လူကြည့်အများဆုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ရိုးရာလေးစာမျက်နှာကို နိုင်ငံခြားသားတစ်ဦးက Profile အတုဖြင့် ဖေ့စ်ဘွတ်ခ်မှဝန်ထမ်းတစ်ဦးဟန်ဆောင်ကာ လိမ်လည်ရယူခဲ့ပြီး အကျပ်ကိုင်ငွေတောင်းမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားသားတစ်ယောက်က ရိုးရာ လေး Page ကို Verify လုပ်ပေးမယ် Admin ထဲထည့်ပေးပါဆိုပြီးစာပို့ပေးတယ်။ Admin အဖွဲ့ဝင် တစ်ယောက်က သူ့ Profile ကို ၀င်ကြည့်တော့ အမေရိကန်နိုင်ငံသားဖေ့စ်ဘွတ်ခ်မှာ အလုပ်လုပ်နေတယ်ဆိုတာကို တွေ့တော့ ယုံပြီး လက်ခံလိုက်တဲ့အခါမှာ အခုလိုဖြစ်သွားတာပါ။ Page ပြန်လိုချင်ရင် သူတို့ PayPal အကောင့်ထဲကို ဒေါ်လာတစ်ထောင်ငွေလွှဲပေးဖို့ဆိုပြီး စာထပ်ပို့ထားပါတယ်’’ဟု ရိုးရာလေး Page မှ Admin တစ်ဦးဖြစ်သူ ကိုအောင်ခမ်းက ပြောသည်။
ရိုးရာလေး Page အား လိမ်လည်၍ ရယူခဲ့သည့် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်မှာ Kelly Lee အမည်ဖြင့် အသုံးပြုသူဖြစ်ပြီး နိုင်ငံခြားသူတစ်ယောက်၏ ဓာတ်ပုံတင်ထားသော်လည်း အသုံးပြုသူ အမှန်ဟုတ်၊ မဟုတ်ကို မသိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

‘‘သူ့ကို Admin အဖွဲ့ထဲမှာလည်း ထည့်ပေးလိုက်ရော ကျွန် တော်တို့ Admin တစ်ဖွဲ့လုံးကို ထုတ်ပြီး Page ကို နာမည်အသစ်ပြောင်းပြီး ယူသွားတာပဲ။ အခု ဖေ့စ်ဘွတ်ခ်ကိုအကြောင်းကြားပြီး သူ့အကောင့်ကို Report လုပ်တာ ပျက်သွားပေမယ့် Pageကလည်း ပြန်မရသေးဘူး။ သူတို့တောင်းတဲ့ ငွေပေးလိုက်လည်း ပြန်မပေးဘဲ ဆက်တောင်းနေမှာစိုးလို့ တခြားနည်းနဲ့ပဲ ပြန်ရအောင်လုပ်တော့မယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတကာမှ ဖေ့စ်ဘွတ်ခ် စာမျက်နှာများ၏ ကြည့်ရှု့သူစာ ရင်းကို စစ်တမ်းကောက်လေ့ရှိသည့် socialbakers.com ၏ စစ် တမ်းအရ ရိုးရာလေး Page သည် Like လုပ်ထားသူ ၂ဒသမ၃ သန်း ကျော်ရှိပြီး ပြည်တွင်း၌ လူကြည့်အများဆုံးဖေ့စ်ဘွတ်ခ်တွင် နံပါတ်လေး၌ ရပ်တည်နေသည်။
7 Day

No comments:

Post a Comment