သြဂုတ်လ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်
Photo: RFA
"ဒီ Right to Recall နဲ့ ပတ်သက်လို့ အန်တီတို့က လက်မခံခဲ့ဘူး၊ ဒီဟာပြောင်းကိုပြောင်းရမယ်၊ အဓိပ္ပာယ် မရှိဘူး၊ ဒီလို Right to Recall ကို တစ်ရာခိုင်နှုန်းက လက်မှတ်ထိုးပြီဆိုရင် လုပ်ရမယ့်ကိစ္စတွေက အများကြီး၊ လွှတ်တော်အတွင်းမှာ ဒါမျိုးတွေဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင်လုပ်ဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး"
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရတဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တချို့လည်းပါတယ် လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီမှာ သူရဦးရွှေမန်းကို ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားပြီးနောက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းလာတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ ပါတီတွင်းကိစ္စနဲ့ လွှတ်တော်တွင်းကိစ္စကို ခွဲခြားမြင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကို အခုကျင်း ပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ အတည်ပြုပြဌာန်းပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က စာပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံမှုမှာ လွှတ်တော်ကိစ္စ၊ ပါတီကိစ္စနဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးတာဖြစ်ကြောင်းနဲ့ အသေးစိတ်ကို ကြေညာမှာမဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
RFA
No comments:
Post a Comment