ဝင်ဘာအတွင်း ကျင်း ပမည့် အထွေထွေရွေးကောက်ပွဲ တွင် တပ်မတော်သားများအနေ
ဖြင့် ဆန္ဒမဲပေးရာ၌ ပါတီတစ်ခု တစ်ဖွဲ့ကိုသာ ပေးရန် သတ်မှတ် ထားခြင်းမရှိဘဲ
လွတ်လပ်စွာ ရွေး ချယ်မဲပေးနိုင်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တပ်မတော်ကာ
ကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ကြောင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌
ရေးသားထုတ်ပြန်ထား သည်။
တပ်မတော်အနေဖြင့် နိုင်ငံ ရေးပါတီများနှင့် ပတ်သက်၍
ဘက်လိုက်ရပ်မှုမရှိဘဲ တပ်မ တော်သားများ၊ မိသားစုဝင်များ ဆန္ဒမဲပေးရာ၌
တပ်မတော်၏ ရပ်တည်ချက်သဘောထားကို နားလည်အောင် ရှင်းပြထားခြင်းသာ ရှိကြောင်း
ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ထို့အပြင် တပ်မတော်အရာ ရှိများကို
အရပ်ဘက်ဝန်ကြီးဌာန သို့ ကူးပြောင်းတာဝန်ထမ်းဆောင် စေသည့်ကိစ္စရပ်နှင့်
ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း
တာဝန်ထမ်းဆောင်၍ ရပြီး ကျန်း မာရေးဝန်ကြီးဌာနအနေဖြင့် ၀န်
ထမ်းအခက်အခဲရှိသဖြင့် တောင်း ဆိုလာ၍ အရန်အင်အားမှ
ထုတ်နုတ်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ထိုသို့ ကူးပြောင်းရာတွင် လည်း အချို့မှာ တပ်မတော်၌ ရရှိနေသော
ရာထူးလစာထက် နိမ့်သော ရာထူးလစာဖြင့် အရပ် ဘက်သို့
ပြောင်းရွှေ့ရခြင်းဖြစ်ပြီး တိုက်ပွဲတွင် ဒဏ်ရာရရှိသူ၊ ကျန်း မာရေးကြောင့်
မသန်စွမ်းသူများ ကို အစိုးရအဖွဲ့အစီအစဉ်ဖြင့် အရပ်ဘက်သို့
ပြောင်းရွှေ့မှုများ ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး
ဦးဆောင်သော အဖွဲ့နှင့် တပ်ချုပ်တို့ သုံးနာရီကြာ တွေ့ဆုံမှု ပြုလုပ်ရာ
လောက် ကိုင်ဒေသဖြစ်စဉ်နှင့် နောက်ဆုံး မြေပြင်အခြေအနေများ၊ ၂၀၁၅
ရွေးကောက်ပွဲဆိုင်ရာများ၊ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကိစ္စရပ်များ၊ လက် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့
ဖြိုးရေးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် နိုင်ငံရေးပါတီ များအပေါ်
တပ်မတော်၏ သဘောထားရပ်တည်ချက်အစရှိ သည်တို့ ဆွေးနွေးခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
7 day
No comments:
Post a Comment