Links

clock

Wednesday, August 5, 2015

ကလေး-ဟားခါး-ကားလမ်း မကြာမီ ယာဉ်ငယ်များသွားလာနိုင်မည်



နေပြည်တော် သြဂုတ် ၎

ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကလေး-ဟားခါး-ကားလမ်းတစ်လျှောက် အချို့နေရာများတွင် တောင်ပြိုမှုများဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှုပြတ်တောက်ခဲ့သည်။


အဆိုပါနေရာများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက် ခဲ့ရာ ကလေးမှဖလမ်းအထိ လမ်းပိုင်းကို သြဂုတ် ၃ ရက်တွင် ဒေသရှိယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကလေးမှ ဟားခါးအထိ သွားလာနိုင်ရေးအတွက် ကျန်လမ်းပိုင်းပျက်စီးမှုများကို ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိရာ မကြာမီရက်ပိုင်းအတွင်း ကလေးမြို့မှ ဟားခါးမြို့အထိ သွားလာနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment