Links

clock

Wednesday, August 5, 2015

မြစ်ရေကြီးမှု အခြေအနေ



နေပြည်တော် သြဂုတ် ၎
၂ဝ၁၅ ခုနှစ် သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည့် မြစ်ရေကြီးမှုအခြေအနေမှာ-

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၆၉ စင်တီမီတာ(၂-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း (ပေဝက်ခန့်) ဆက်လက်တက်နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၁၃၃ စင်တီမီတာ (၄-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း(ပေဝက်ခန့်) ဆက်လက်တက်နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၆၈ စင်တီမီတာ(၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီ အတွင်း (ပေဝက်ခန့်) ဆက်လက် တက်နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိ နိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် မကွေးမြို့၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၄၈ စင်တီမီတာ(၁-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း(ပေဝက်ခန့်) ဆက်လက်တက်နိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် အောင်လံမြို့၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်း ထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၅၈ စင်တီမီတာ(၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီ အတွင်း(ပေဝက်ခန့်)ဆက်လက်တက်နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် တွင် ဆက်လက် တည်ရှိနိုင်သည်။ (မိုး/ဇလ)
MOI

No comments:

Post a Comment