Links

clock

Wednesday, August 19, 2015

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ကျောက်စိမ်းဆွဲပြား ခိုးယူခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးကို လေယာဉ်ပေါ် တက်ခါနီးဖမ်းမိ

တရုတ်နိုင်ငံသား နှစ်ဦး သည် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက်ရတနာဆိုင်မှ ကျပ် ၁၅ သိန်းတန် ကျောက်စိမ်းဆွဲပြား ကို ခိုးယူပြီး လေယာဉ်ပေါ်တက် ခါနီးတွင် လေဆိပ်၌ ဖမ်းမိခဲ့ ကြောင်း လေဆိပ်ရဲစခန်းမှ သတင်းရရှိသည်။


တရုတ်နိုင်ငံသားနှစ်ဦးသည်  ကျောက်စိမ်းဆွဲပြားကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက ၀ယ်ယူဟန်ဆောင်၍ ခိုးယူသွားခဲ့သည်။ ထို့နောက် ရန်ကုန်လေဆိပ်တွင် တရုတ်နိုင်ငံသားတစ်ဦးက လည်ပင်း၌ဆွဲကာ လေယာဉ်ပေါ်သို့ တက်ရန် ပြင်ဆင်နေစဉ် မွန်းတည့် ၁၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခြင်းဖြစ်သည်။
ကျောက်မျက်အရောင်းဆိုင် ရှိ စီစီတီဗီမှတ်တမ်းကို ဆိုင်ရှင် က ပြသခဲ့သဖြင့် တရုတ်နိုင်ငံသား များ မငြင်းဆန်နိုင်ဘဲ ဖမ်းဆီးခံရ ကြောင်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘မြို့ထဲဆိုင်ကနေ ကျောက် စိမ်းဆွဲကြိုး ခိုးသွားပြီး နိုင်ငံခြား ကို ပြန်ထွက်ဖို့ လုပ်နေတာ။ ဆိုင် ရှင်က လိုက်လာပြီး ဆိုင်က စီစီ တီဗီမှတ်တမ်းပြတော့ သူတို့တွေ ငြင်းလို့ မရဘူး။ လည်ပင်းမှာ လည်း ကျောက်စိမ်းဆွဲပြားကြီး ဆွဲထားတယ်။ လေဆိပ်ထဲကနေ ထွက်ပြီး လေယာဉ်ပေါ် မတက် ခင်လေး ဖမ်းမိတာ’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် နေထိုင်သော အသက်(၄၇)နှစ်အရွယ် မစ္စတာလူသည် ခိုးလာသည့် ကျောက်စိမ်းဆွဲပြားကို လည်ပင်းတွင် ၀တ်ဆင်ထားပြီး ၎င်းနှင့်အတူ အသက်(၅၁)နှစ်အရွယ် မစ္စတာယန်ကိုပါ ဖမ်းမိခဲ့ သည်။
ခိုးမှုကျူးလွန်သော တရုတ် နိုင်ငံသားနှစ်ဦးကို အဆောက်အ အုံအတွင်း ၀င်ရောက်ခိုးယူမှုဆိုင်ရာ ပုဒ်မ ၃၈၀ ဖြင့် ပန်းဘဲတန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။ ၎င်းတို့ကို ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်။

‘‘ဆိုင်က တစ်ယောက်က ကျွန်တော်တို့စခန်းမှာ အမှုလာ ဖွင့်နေပြီး တရုတ်တွေကို မှတ်မိ တဲ့တစ်ယောက်နဲ့ ရဲက လေဆိပ် ကို လိုက်သွားကြလို့ ဖမ်းမိတာ။ အဲဒီလိုပြိုင်တူလုပ်လို့ ဟိုကောင် တွေက လေဆိပ်ထွက်ခွာဆောင် ထဲက နေထွက်သွားပြီး လေယာဉ် ပေါ်တောင် တက်ခါနီးနေပြီ’’ဟု ပန်းဘဲတန်း မြို့မရဲစခန်းမှူးက ပြောသည်။
7 Day

No comments:

Post a Comment