▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းမည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ သတင်းများ အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၈ ရက်နေ့တွင်
သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့်
ဗဟိုဘဏ်၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း၊
ဘဏ်များတွင် ငွေကြေးအကျပ် အတည်း ဖြစ်ပေါ် ပါကလည်း လိုအပ်သော
ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ပြည်တွင်း ဘဏ်များ၏ လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပေါ် ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂိုလ်များ၏ စကား များကို ဖော်ပြလိုက်ပါသည်။
ဦးဇေဝင်းထွန်း(Branch Manager)
ကမ္ဘောဇဘဏ်၊
နေပြည်တော်ဘဏ်ခွဲ-၃
ပြီးခဲ့တဲ့ သောကြာနေ့က ဘဏ်ကိစ္စ သတင်းတွေ ထွက်ပေါ်လာတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ငွေထုတ်တာ များပါတယ်။ အခုကတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ။ နောက်တစ်ခုက ကျွန်တော်တို့ ဘဏ်လုပ်ငန်း တွေမှာ လစဉ်လဆန်းပိုင်းရက်တွေနဲ့ လကုန်ပြီးတဲ့ ရက်ပိုင်းတွေ။ ပြီးတော့ တနင်္လာနေ့၊ သောကြာနေ့တို့ဟာ ငွေသွင်း ငွေထုတ်တာ များပါတယ်။
ကျွန်တော်တို့ ဘဏ်ခွဲအနေနဲ့ ဒီလိုဖြစ်ပျက်တဲ့ အခြေအနေကို ရာခိုင်နှုန်းအားနဲ့ တွက်ကြည့်တော့လည်း အများကြီး မဟုတ်ပါဘူး။ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ကျန်တဲ့ မြို့ကြီး တွေမှာကတော့ လုပ်ငန်းဆောင်ရွက်သူ ပိုပြီးများတဲ့အတွက် သက်ရောက်မှုကတော့ ရှိမှာပါ။ ဒါပေမယ့် အားလုံးပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။
ဒေါ်နွယ်မာသန်း
ငွေအပ်နှံသူ
ကျွန်မတို့အနေနဲ့ ဘဏ်လုပ်ငန်း တွေအပေါ်မှာ စိတ်ချယုံကြည်မှုရှိပါတယ်။ ဘဏ်နဲ့ပတ်သက်ပြီး အခြား သတင်းကြားတာမျိုးတွေ ရှိပေမယ့် ယုံကြည်ပါတယ်။ ဘဏ်တွေနဲ့ ပတ် သက်ပြီး ဟိုဘဏ်မှ ဒီဘဏ်မှ ဆိုတာ မျိုး မရှိပါဘူး။ အတူတူပဲလို့ ထင်ပါတယ်။ ဒီနေ့ကတော့ ကမ္ဘောဇဘဏ်မှာ ကျွန်မ မြေရောင်းရတဲ့ ပိုက်ဆံတွေ လာပြီး အပ်နှံတာပါ။ ကျွန်မအနေနဲ့တော့ ဘဏ်တိုင်းဟာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေး မယ်လို့ ထင်ပါတယ်။
ဦးအောင်မင်းဦး
(Managing Director)
EUGENIA STAR Tours & Travels
ဘဏ်တွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ သတင်းတွေဟာ ကောလာဟလတွေ လည်း ဖြစ်နိုင်ပါတယ်။ ဘဏ်တွေအပေါ် ယုံကြည်မှုရှိဖို့ကလည်း အရေးကြီး ပါတယ်။ အခုကိစ္စတွေမှာ ဆိုးဆိုးရွားရွား ဖြစ်တယ် လို့တော့ မထင်ပါဘူး။ ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ခရီးသွား ကုမ္ပဏီတွေ အနေနဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ဆက်စပ် နေတာကတော့ ငွေ လွှဲငွေပြောင်း ကိစ္စတွေပါပဲ။ အခုအချိန်ထိတော့ ဘဏ်နဲ့ ပတ်သက်ပြီး အခက်အခဲ ရယ်လို့ မရှိပါဘူး။ စီးပွားရေး လုပ်ကိုင်သူတွေအတွက် ဘဏ် လုပ်ငန်းတွေက အရေးပါတယ်။ ဒါကြောင့် ပုံမှန်ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဦးမင်းဇော်ဦး
Branch Mananger (AGD Bank)
ကျွန်တော်တို့ ဘဏ်တွေမှာ မနေ့ က နည်းနည်းလှုပ်ရှားမှုရှိပါတယ်။ ဒီနေ့ကတော့ ပုံမှန်အတိုင်းပါပဲ။ မနေ့က အခြေအနေမှာလည်း အားလုံးငွေလက်ကျန် လုံးဝမရှိအောင် ထုတ်တာမျိုးမရှိပါဘူး။ အကောင့် ပိတ်တာမျိုး လည်း မရှိပါဘူး။ ဒီအခြေ အနေတွေမှာ လာပြီးအပ်နှံသူတွေ လည်း ရှိပါတယ်။ မနေ့က နောက်ဆုံးclosing balance အခြေအနေကို ကြည့်လိုက်တော့လည်း အားလုံးဟာ balance ညီပါတယ်။ အခုဖြစ်ပေါ် ခဲ့တဲ့ ငွေကြေးဂယက်ကြောင့် အများ ကြီး ပြောင်းလဲသွားတာမျိုးမရှိပါဘူး။
ဘဏ်တွေမှာ ငွေကြေးအပ်နှံတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ ချွေးနှဲ စာ ဖြစ်တဲ့အတွက် စိုးရိမ်တာမျိုး ရှိကြ မှာပါ။ အခုက အားလုံး ပြန်တည် ငြိမ်နေပါပြီ။ ဒီအပေါ်မှာ အကျယ်ထပ် မချဲ့မှ အဆင်ပြေမှာပါ။ ဘဏ် လုပ်ငန်း တွေမှာ အထောက်အပံ့လိုရင်လည်း ဘဏ်စီမံခန့်ခွဲမှုတွေ ရှိပြီး သားပါ။ လိုအပ်တာတွေ လုပ်ဆောင်ဖို့ ဗဟို ဘဏ်နဲ့ ချိတ်ဆက် ထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဏ် လုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ကတော့ တောင်းဆိုလာရင် လုပ်ဆောင်ပေးရမယ့် တာဝန်ရှိပါတယ်။
ဒေါ်ယဉ်ယဉ်အေး
Deputy General Manager
(AYA Bank)
ကျွန်မတို့ ဘဏ်ခွဲအနေနဲ့ ဖြစ်ပေါ် နေတဲ့ သတင်းတွေ ကြားသိရတဲ့ အတွက် စောင့်ကြည့်ပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ ကိုယ့်ဘဏ် အခြေအနေအပေါ် ဘယ်လို ရိုက်ခတ်မလဲဆိုတာ မျိုး လေ့လာပါတယ်။ တချို့ လုပ်ငန်းရှင် သုံးလေးဦးလောက် မေးလာတာ မျိုး လောက်တော့ ရှိပါတယ်။ ဒီအပေါ်မှာ လည်း သူတို့ ယုံကြည်မှု ရှိအောင်၊ စိတ် ကျေနပ်မှုရှိအောင် ပြန်လည် ဖြေဆိုပေးပါတယ်။ ဒါ့အပြင်တော့ ထူးထူး ခြားခြား မရှိပါဘူး။
လက်ရှိအချိန်တွင် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၂ ခုသည် ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း သိရပြီး ဗဟို ဘဏ်အနေဖြင့်လည်း ပြည်တွင်းဘဏ် များနှင့် ပတ်သက်၍ ငွေကြေးအကျပ် အတည်းဖြစ်ပေါ်ပါက လိုအပ်သော အကူအညီများကို ဥပဒေနှင့်အညီ အပြည့်အဝ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မေး- ညီညီထွန်း ၊ ဟန်နီဝင်း
ဓာတ်ပုံ ၊ ထိန်နန်နော်

No comments:
Post a Comment