Links

clock

Thursday, August 27, 2015

ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီနှင့်ပတ်သက်၍ တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်မြို့သို့ ခိုးဝင် လာသည့် ဘင်္ဂါလီအချို့ကို ကား ဖြင့်တင်ဆောင်ကာ ပန်းတောင်း မြို့သို့ ပို့ဆောင်ပေးခဲ့မှုတွင် တပ်မတော်မှပါဝင်မှု အမှန်တကယ်ရှိခဲ့ပါက ပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး တပ်မတော်အမည်ကို အလွဲသုံးစားပြုလုပ်ဆောင်ရွက်ပါလည်း ပါဝင်သူများကို တရားစွဲဆိုမည်ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင် တပ်မတော်ကထုတ်ပြန်ကြေညာသည်။

သြဂုတ် ၂၀ ရက်တွင် ရခိုင် ပြည်နယ် သက္ကယ်ပြင်နှင့် သဲချောင်း ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၂၉ ဦးကို စစ်အစိမ်းရောင် FAW အမျိုးအစားယာဉ်တစ်စီးဖြင့် တင်ဆောင်ကာ ရန်ကုန်-စစ်တွေကားလမ်းအတိုင်း အမ်းမြို့ကိုဖြတ်၍ ပန်းတောင်းမြို့သို့ပို့ဆောင်ပေးခဲ့သည်ဟူသော သတင်းနှင့် ပတ်သက်၍ တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖော်ထုတ်မည်ဖြစ်ကြောင်း အဆိုပါထုထ်ပြန်ချက် တွင် ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မှော် ဘီမြို့နယ် အမှတ် (၄) လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် သြဂုတ် ၂၂ ရက် ည ၁၁ နာရီခွဲက ရန်ကုန်- ပြည်လမ်းအတိုင်း ရန်ကုန်ဘက် သို့ မောင်းနှင်လာသည့်ပရိုဘောက်စ်အငှားယာဉ်ပေါ်၌ ဘင်္ဂါလီ ၁၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါဘင်္ဂါလီများကို က လေးတစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ လူကြီးတစ်ဦးလျှင် ကျပ် ၁၂ သိန်း ဖြင့် ပွဲစားဖြစ်သူ အာလီကရန်ကုန် မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ပန်းတောင်းမြို့ အရောက်တွင် ကားအသေးသုံးစီးဖြင့် ပြောင်းလဲ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလ၀ကမှ တာဝန်ရှိသူတစ်ဦးအားကိုးကား၍ The Voice Daily သ တင်းစာတွင် ဖော်ပြထားသည်။
ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၀ ဦးကိုလည်း လ၀က,က အရေးယူမည်ဖြစ်ပြီး အဆိုပါဘင်္ဂါလီများကို သယ်ဆောင်လာသည့်သန့်ဇင်ထွန်းနှင့်အာလီ၊ ဌေးအောင်၊ဉာဏ်လင်းအောင်တို့ကိုလည်း မှော်ဘီမြို့မ  ရဲစခန်းက  အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း   သတင်းရရှိသည်။

ရန်ကုန်မြို့အတွင်း ခိုးဝင် လာသော ဘင်္ဂါလီများကို ရခိုင် ပြည်နယ် ကယ်ဆယ်ရေးစခန်းမှ တပ်မတော်ယာဉ်ဖြင့် ခိုးထုတ်ပို့ ဆောင်ခဲ့သည်ဟု စစ်ဆေးပေါ် ပေါက်ခဲ့သောကြောင့် ယင်းပြစ်မှု နှင့်ပတ်သက်၍ ပါဝင်သူများကို အရေးယူနိုင်ရန် စုံစမ်းနေကြောင်း   သြဂုတ်  ၂၅  ရက်ထုတ်  The Voice Daily သတင်းစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment