Links

clock

Monday, August 24, 2015

ဆေးခြောက်က ကင်ဆာဆဲလ်တွေကို တကယ်သေစေနိုင်ကြောင်း အမေရိကန်အစိုးရ တရားဝင်လက်ခံပြောကြား



ဆေးခြောက်ဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများအပြားရှိပြီး ကင်ဆာကိုပါ ကုသနိုင်တယ်လို့ အများသူငါ ပြောနေကြတာ ကြာခဲ့ပါပြီ။ အမှန်တကယ်ပဲ ဆေးခြောက်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ဒါဟာ ယူအက်စ်အစိုးရရဲ့ ကင်ဆာအကြံပေးဝက်ဘ်ဆိုဒ် www.cancer.gov ကဆေးခြောက်နှင့်ဆေးခြောက်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းများအသုံးပြုပုံ စာမျက်နှာ မှာ တရားဝင်ဖော်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အမျိုးသားကင်ဆာသိပ္ပံ က ကင်ဆာမှာပါဝင်တဲ့ဒြပ်ပေါင်းများ cannabinoids ဟာ ကင်ဆာရောဂါရဲ့ ဆိုးကျိုးကို တုံ့ ပြန်ကုသရာမှာ အသုံးဝင်နိုင်ကြောင်းနဲ့  ကင်ဆာကုသရာမှာ ဆေးခြောက်ကို ရှူရှိုက်သောက်သုံးခြင်း၊ ဖုတ်ထားတဲ့အစားအသောက်တွေထဲမှာ ထည့်စားခြင်း၊ ဆေးဖက်ဝင်ရေနွေးကြမ်းအဖြစ်သောက်သုံးခြင်း နဲ့ ဆေးခြောက်စပရေးကို လျှာအောက်မှာ မှုတ်ဖြန်းခြင်း တို့ ဟာ ကင်ဆာကုသရာမှာ အသုံးဝင်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရ၀က်ဘ်ဆိုဒ်ဟာ ဆေးခြောက်ရဲ့ တခြားအသုံးဝင်ပုံတွေအဖြစ် ရောင်ရမ်းနာကျင်မှုကို သက်သာစေခြင်း၊ ဆဲလ်ကြီးထွားမှုကိုတားဆီးပေးခြင်း၊ အကြိတ်ဖြစ်စေနိုင်တဲ့သွေးကြောတွေ ကြီးထွားမှုကို ကာကွယ်ပေးခြင်း၊ ရောဂါဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ခြင်း နဲ့ multiple sclerosis ခေါ် အာရုံကြော စနစ်ချို့ ယွင်းမှုကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တဲ့ရောဂါတို့ ကိုပါ သက်သာစေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းအချက်အလက်ဖော်ပြထားတဲ့စာမျက်နှာမှာ ဆေးခြောက်ကို ထိတွေ့ ကျွေးမွေးထားတဲ့ ကြွက်တွေက ကင်ဆာဆဲလ်တွေ သေသွားခဲ့ပုံအကြောင်း ပါ ရှင်းလင်းတင်ပြထားပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ၀င်ဖတ်ချင်ရင်တော့ အောက်ပါလင့်ခ်ကနေ သွားရောက်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

No comments:

Post a Comment