Links

clock

Wednesday, August 5, 2015

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်စစ်ရေယာဉ် များဖြင့်ပို့ဆောင်




စစ်တွေ ၊ ၅-၈-၂၀၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရေဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ ပစ္စည်းများ ဖြစ်သော ၁၂ ပြည်ဝင် ဆန်အိတ် ၆ဝဝဝ၊ ၁ ပိဿာဝင် ပဲအိတ် ၆ဝဝဝ၊ ၁ လီတာဝင် ပဲဆီဘူး ၆ဝဝဝ နှင့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် အထွေထွေ စားသောက်ကုန် များကို ပို့ဆောင်ရန် ယမန်နေ့တွင် အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ) ၌ တပ်မတော် စစ်ရေယာဉ်များ ပေါ်သို့ တင်ဆောင်လျက် ရှိသည်။

ထို့အတူ သြဂုတ် ၃ ရက်တွင်လည်း ပေါက်တောမြို့ နှင့် မင်းပြားမြို့ရှိ ရေဘေးသင့် ပြည်သူများ အတွက် ဆန်အိတ် ၃ဝဝ အား တပ်မတော် စစ်ရေယာဉ် များဖြင့် တင်ဆောင်ကာ စစ်တွေမြို့၊ မင်းဂံ တံတားမှ ထွက်ခွာ၍ ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment