Links

clock

Monday, August 24, 2015

မျက်စိလည်နေသော တောဆင်ရိုင်းအုပ်ကြောင့် ရွာသားနှစ်ဦး ထပ်မံဒဏ်ရာရ

မျက်စိလည် လမ်းမှားကာ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ဆင်ခြောက်ကောင်ပါသော ဆင်အုပ် (ဓာတ်ပုံ − ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်)

နတ်မောက်မြို့ သစ် တောကြိုးဝိုင်းမှ မျက်စိလည် လမ်း မှားကာ ကျောက်ပန်းတောင်းမြို့ နယ်အတွင်းသို့ ရောက်ရှိနေသော တောဆင်ရိုင်းအုပ်စုကို သွား ရောက်ကြည့်ရှုသူနှစ်ဦး သြဂုတ် ၂၃ ရက်တွင် တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

မျက်စိလည်နေသော ဆင် အုပ်မှာ ယမန်နေ့နံနက် ၈ နာရီခွဲ ခန့်တွင် ကျောက်ပန်းတောင်း မြို့နယ် သီးကုန်းကျေးရွာ အရှေ့ ဘက်သို့ရောက်လာပြီး ဒေသခံ များက ၀ိုင်းဝန်းကြည့်ရှုကြကာ ဓာတ်ပုံမှတ်တမ်းရယူကြသည်။ ရွာသားများက အနီးကပ်ဓာတ်ပုံ ရိုက်စဉ် ဆင်အုပ်အတွင်းမှ တစ်ကောင်က အော်လိုက်၍ ကြောက်
လန့်ကာ ကလေးငယ်တစ်ဦးထွက်ပြေးစဉ် ဆင်တစ်ကောင်က နှာမောင်းဖြင့် ဆွဲယမ်းသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော ဆည်ကျေးရွာမှ ဦးဘိုဝေက ပြောသည်။
အသက်(၁၂) နှစ်ခန့် အ ရွယ် ကလေးမှာ ဆင်ခြေထောက် ကြားရောက်သော်လည်း ခြေဖြင့်မ နင်းမိ၍ အသက်မသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။ ဆင်အုပ်မှာ လူသံ ကြားလျှင် တိမ်းရှောင်သွားသော် လည်း ဒေသခံများက ဆင်မြင် လျှင် လိုက်ကြည့်နေကြခြင်းဖြစ် သည်။
‘‘လူတွေက မကြောက်ကြ ဘူး။ အဲဒါကြောင့် ခက်နေတာ’’ဟု ဦးဘိုဝေကပြောသည်။
ဆင်အုပ်တွင် အကြီးလေးကောင်နှင့် အကောင်ငယ် နှစ် ကောင် စုစုပေါင်း ခြောက်ကောင် ပါဝင်ပြီး အကြီးဆုံးဆင်မှာ ရှစ်ပေခန့်မြင့်ကြောင်း ၎င်းက ပြောသည်။ ဆင်အုပ်သည် သီးကုန်း ကျေးရွာအရှေ့ဘက်မှ အနောက် မြောက်ဘက်သို့ ယမန်နေ့နံနက် က ဆက်လက်ထွက်ခွာသွားပြီး လမ်းလျှောက်သည်မှာ အလွန် မြန်ကြောင်း ဦးဘိုဝေက မှတ်ချက်ပြုသည်။
 ထို့နောက် ကျောက်ပန်း တောင်းနှင့် တောင်သာမြို့ကြားရှိ သမုန်းပင်ကျေးရွာ အနီးတွင် ယမန်နေ့လယ်က အမျိုးသားတစ် ဦး ဆင်နင်းခံရပြန်သည်။ ဆင်အုပ် မှာ ယင်းည၌ သမုန်းပင် ရွာနှင့် သန်းကြီးကုန်းရွာကြားရှိ လျှိုတစ်ခု အတွင်းဝင်နေကြသည်ဟု လိုက် လံကြည့်ရှုနေသည့် သစ်တောဦး စီးဌာနတာဝန်ရှိသူများနှင့် ဒေသခံ များက ပြောသည်။
‘‘ဆင်က မသတ်တာ။ ရှပ်ပြီး နင်းလိုက်တာ။ ချိန်ပြီးတော့မှ ရှပ် ပြီးနင်းလိုက်တာ။ တော်တော်ညှာ တယ်ပေါ့။ ပေါင်ပဲကျိုးသွားတာ။ မန္တလေးဆေးရုံ ပို့လိုက်ပြီ’’ ဟု ကျောက်ပန်းတောင်း မြို့နယ်မှ ရွှေနဒီကျောင်းတိုက်ဆရာတော် ဦးယုဇနက မိန့်သည်။
အဆိုပါ တောဆင်ရိုင်းအုပ်သည် ယမန်နေ့ (သြဂုတ် ၂၃)ညတွင် ကျောက်ပန်းတောင်းနှင့် တောင်သာမြို့ကြားရှိ လျှိုတစ်ခုအတွင်းသို့ ရောက်နေသည်ဟုသစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံများကပြောသည်။
ဒဏ်ရာရရှိသူအမျိုးသားနှင့် အခြားအမျိုးသားနှစ်ဦးက ဆင် အုပ်အနီးသို့သွား၍ ဓာတ်ပုံရိုက် စဉ် တစ်ဦးကို နင်းလိုက်ခြင်းဖြစ် သည်ဟု ဦးယုဇနကမိန့်သည်။
တောင်ဆင်ရိုင်းအကြီးလေး ကောင်၊ အငယ်နှစ်ကောင်ပါဝင် သည့် တောဆင်ရိုင်းအုပ်စုသည် မိတ္ထီလာနှင့် ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာများအနီးတွင် သြဂုတ် ၂၁ ရက် ညပိုင်းမှစကာ လှည့်ပတ်သွားလာနေသဖြင့် အ နီးအနားမှ ကျေးရွာများအားသတိဖြင့် နေထိုင်ရန် မိတ္ထီလာခရိုင်သစ်တောဦးစီးဌာနက နှိုးဆော်ထားခဲ့သည်။ ယင်းနေ့တွင်ပင် တောဆင်ရိုင်းအုပ်မှ ဆင်ရိုင်းတစ်ကောင်က မိတ္ထီလာမြို့နယ်လျှိုပင်ကျေးရွာ အုပ်စုတွင် နွားကျောင်းနေသည့် ရွာသားတစ်ဦးကို နှာမောင်းဖြင့်ရိုက်ခဲ့၍ ၎င်းရွာသား ဒဏ်ရာ အနည်းငယ်ရခဲ့သေးသည်။
7 Day

No comments:

Post a Comment