ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်မှာ
တနင်္လာနေ့က လူ ၂၀ သေဆုံးခဲ့ရတဲ့ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးခွဲ
တိုက်ခိုက်ခဲ့မှုကို လူတစ်ဦးထက် ပိုတဲ့ ကွန်ရက် တစ်ခုက လုပ်ဆောင် ခဲ့တာ
ဖြစ်ကြောင်း ထိုင်း ရဲချုပ်က ပြောပါတယ်။
စီစီတီဗီ ထဲမှာ တွေ့ရတဲ့ အခင်းဖြစ်ရာ နေရာမှာ ကျောပိုးအိတ် ထားခဲ့သူ တီရှပ် အဝါရောင်နဲ့ အဓိက မသင်္ကာသူရဲ့ ရုပ်ပုံကိုလည်း ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။
ဒါ့အပြင် ဗီဒီယို မှတ်တမ်းကနေ မြင်ရတဲ့ တခြား လူ ၂ ဦးကိုလည်း သံသယ ရှိသူတွေ အဖြစ် သတ်မှတ် ထားပါတယ်။
ရုပ်ပုံထဲက အဓိက မသင်္ကာသူဟာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း မသိရသေးပေမယ့် ဘန်ကောက် ရာဇဝတ် တရားရုံးက သူ့ကို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပြီး ဝရမ်းထဲမှာ အမည်မသိ နိုင်ငံခြားသား အဖြစ် ဖော်ပြထားပါတယ်။
သူ့ကို ဖမ်းမိဖို့ ဆုကြေးငွေ ဘတ် တစ်သန်း (ဒေါ်လာ နှစ်သောင်း ရှစ်ထောင်) ကိုလည်း ထုတ်ပြန် ထားပါတယ်။
အဲဒီ လူဟာ ဗုံးကို အဲဒီနေရာမှာ ချထားဖို့ အခကြေးငွေ ပေးပြီး စေခိုင်း ခံရတာ ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် မစ္စတာ ပရာယုသ်က သတင်းထောက် တွေကို ပြောပါတယ်။
တနင်္လာနေ့ ဗုံးခွဲမှုဟာ ထိုင်းမှာ ဖြစ်ပွားသမျှ တိုက်ခိုက်မှုတွေထဲ အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေ အကြားမှာ ရေပန်းစားတဲ့ အဲဒီ ဟိန္ဒူ နတ်ကွန်းကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ဖွင့်လှစ် လိုက်ပါတယ်။
No comments:
Post a Comment