Links

clock

Wednesday, August 5, 2015

ရေပတ်လည်ဝိုင်းနေတဲ့ သူတွေကို ဆန်ပစ်ချပေးတဲ့ ကိစ္စ မကျေမလည် ဖြစ်ခဲ့ရင် သည်းခံခွင့်လွတ်ပေးနိုင်ပါရန် .


ရေပတ်လည်ဝိုင်းနေတဲ့ သူတွေကို ဆန်ပစ်ချပေးတဲ့
ကိစ္စ မကျေမလည် ဖြစ်ခဲ့ရင် သည်းခံခွင့်လွတ်ပေးနိုင်ပါရန် ...

ဖြစ်စဉ် တွေအားလုံး ပြောရရင် ကျွန်တော်တို့ 
တွေ ဆီ အရေးပေါ် စာတွေ ဝင်လာခဲ့တယ် ...

ထမင်းမစားရတာ ၂ ရက်ကျော် ကြာမြင့်ခဲ့ပြီ
ဖြစ်ကြောင်း အမြန်ဆုံး အကူအညီပေးရန် အကြောင်းကြားပါသည်

ရကြောင်းပြန် ဒါကတော့ ကျွန်တော်တို့ တပ်ထဲကစကား
ချက်ချင်းရ ချက်ခြင်း ဆောင်ရွက်ရတာမျိုးပါ ...

အကြောင်းကြားစာရရှိတာနဲ့  ...

ကျွန်တော်တို့ တပ်တွေ က စုဆောင်းထားသော
အရံရိက္ခာတွေ ကို ချက်ချင်း ထုတ်ပိုးပါတယ် ...

ရဟတ်ယာဉ်တွေ ပေါ် ချက်ခြင်း တင်ခဲ့ပါတယ်

ထို့ နောက် MM Air Force မှ
ပိုင့်လော့တွေ အကူအညီလိုရာ အရပ်တွေဆီကို
ချက်ခြင်းထွက်ခဲ့ရပါတယ် ... ။

MM Air Force မှ ညီလေးတစ်ယောက်ရဲ့ အမြင်လေးကို
တင်ပြပါရစေ

ရဟတ်ယာဉ်က Hover ကိုင်ပြီး drop လုပ်တယ် ...

ရွှံ့ ထဲကျတယ် ပွက်လောရိုက်ကုန်တယ်

ကြိုးနဲ့ ချပေးလို့မရဘူးလားဆိုတော့

ရတာပေါ့ဗျ ...။

၁၅ပေ ပေ၂၀ လောက်အမြင့်ကနေ ဆန်အိတ်ကို ကြိုးချည်ပြီး
ရဟတ်ယာဉ်ပေါ်ကနေ ခင်ဗျားတို့လက်မောင်းအားနဲ့ ချပေးကြည့်လေ
လွယ်မလွယ် သိရတာပေါ့ ...။

လူ၅ ယောက် ၆ယောက်လောက် ထိန်းပြီး ချ လို့ရတယ် ဘဲထား
ဆန်အိတ်ပေါင်း ၂၀လောက်ဆို ရဟတ်ယာဉ်ပေါ်က
crew တွေ သေပြီပေါ့ဗျာ ...။

ဆန်တစ်အိတ်ကို အနည်းဆုံး ၃မိနစ် ၄မိနစ်ကြာမှာဘဲ

ထားဗျာ ...

ကြိုးနဲ့ချလို့ ရပြီဘဲထား
ကြိုးနဲ့ တွဲလောင်းကျနေတဲ့ ဆန်အိတ်ကို ရွှံ့ နဲ့ လုံးဝ
မထိအောင် ဝင်ထမ်းရမှာ

တစ်ခုခု မှားယွင်းခဲ့လို့ အောက်က ထမ်းတဲ့လူ ဆန်အိတ်ပိပြီး
တစ်ခုခု ဖြစ်ရင်လည်း အပြောက လွတ်ဦးမှာ မဟုတ်ဘူး

ဒူးလောက်နစ်တဲ့ ရွှံ့တောကြီးထဲမှာ ဆန်အိတ်ထမ်းပြီး
ဘယ်လောက် လမ်းလျောက်နိုင်မှာတဲ့လဲ
ရွှံ့ကတော့ သေချာပေါက် ပေမှာဘဲ

အခုဖြစ်ရပ်မှာလဲ အဓိက ရွှံ့ပေရတဲ့ အကြောင်းရင်းက
ဆန်အိတ်တွေကို ရွှံ့တွေထဲက ဒရွတ်တိုက်ဘဲ မရမက ဆွဲကြရလို့ ဖြစ်ရတာ

နောက်ပြီး
ရဟတ်ယာဉ်တစ်စီးဟာ Hover power နဲ့ ဘယ်န မိနစ်ဘဲ
နေလို့ရတယ် ထင်လဲ ...

၎နာရီ ၅နာရီလောက် Hover power နဲ့ ငြိမ်ပြီး နေလို့ ရမယ်
ထင်နေတယ်ဆိုရင်တော့ ကျနော်လည်း ဆက်မပြောတတ်တော့ဘူး

သဘောင်္တွေ ကျောက်ချထားသလို ငြိမ်ပြီး ကြိုက်သလောက်
Hover လုပ်လို့ ရနေရင်တော့ အဆင်ပြေတာပေါ့ဗျာ

အဲ့လိုသာ ရရင် Hover ကိုင်ထားပြီး တစ်ယောက်တစ်ပြည်နှုန်းနဲ့
တန်းဆီပြီးတောင် ဝေပေးလိုက်တယ်
ကြာချင်သလောက်ကြာပါစေ

ရဟတ်ယာဉ် Hover ကိုင်တယ်ဆိုတာ နတ်သိကြားတွေရဲ့
တန်ခိုးနဲ့ လေပေါ်မှာ မြှောက်ထားတာ မဟုတ်ဘူးဗျ

လေပြင်းပြင်း ကွင်းပြင်မှာ Hover ကိုင်ဖို့ ဆိုတာ pilot တွေအတွက်
တော်တော် ခက်ခဲစေတယ် ..

Hover လုပ်ပြီး drop ချနိုင်တဲ့ အချိန်ဟာလည်း အကန့်သတ်ရှိတယ်
(ရဟတ်ယာဉ် တစ်မျိုးနဲ့ တစ်မျိုးတော့ မတူဘူးပေါ့ဗျာ)

နောက်ပြီး ရဟတ်ယာဉ်မှာ ပါလာတဲ့ ဆန်အိတ်အရေအတွက် အရ ဆိုရင်
Hover ကိုင်ပြီး ကြိုးနဲ့ drop လုပ်ဖို့ အနည်းဆုံး ၁နာရီလောက်တော့
အချိန်ယူရလိမ့်မယ်ဗျ
အဲ့လောက် အချိန်တွေ ပေါပေါသီသီ ရနေမယ်ထင်သေးလား

ဟုတ်ပြီ ရဟတ်ယာဉ်က ဆီမပျက်တော့ဘူးလား
ဆန်အိတ်တွေကို ဇတ်ကားတွေထဲကလို ကြိုးနဲ့သာ စိန်ပြေနပြေ
ချပေးနေရင် အဲ့ရဟတ်ယာဉ် ကွင်းကိုပြန်ရောက်တော့မှာ မဟုတ်ဘူး
လမ်းဘေးက ဆီဆိုင်မှာ ဆီဝင်ဝယ်လို့ရရင်တော့ တစ်မျိုးပေါ့

နောက်တစ်ခုက pilot တွေဟာ အကြားမြင်
ရနေတဲ့သူတွေမဟုတ်ဘူး
ဟိုရောက်ရင် ဆင်းစရာ မြေမာက နီးနီးနားနားလုံးဝမရှိနိုင်ဘူးဆိုပြီး
ကြိုပြီး အကြားမြင်ရခဲ့ရင်တော့ ဆန်အိတ်တွေကို
သေချာထုတ်ပိုးခဲ့ကြမှာပေါ့ဗ

ရွံ့မပေတဲ့ နည်းလမ်းတွေ စဉ်းစားပြီး လုပ်ခဲ့ကြမှာပေါ့ဗျာ

အခုတော့ ကြိုမသိနိုင်တဲ့အခြေနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ
ဆုံးဖြတ်ချက်ကို တုံ့ဆိုင်းနေလို့မရဘူး
အတတ်နိုင်ဆုံး ပတ်ပြီး ထပ်ကာထပ်ကာ ရှာကြည့်တယ်
ဆင်းလို့ရမယ့်နေရာ မတွေ့ဘူး

pilot ဆိုတာ decision ကို အမြန်ဆုံး ချနိုင်ရတယ်
လေယာဉ်က ဒီတိုင်းနေတာမဟုတ်ဘူး
အချိန်နဲ့အမျှ ဆီက လျော့လျော့လာတာ

အဲ့ဒီတော့ ဆုံးဖြတ်စရာ နှစ်ခုဘဲရှိတယ်
ပြန်သယ်သွားမလား ...
စားလို့ ရလို့ ရငြား ချပေးခဲ့ရမလား ..

ကဲ ဆန်အိတ်၂၀ လောက်ဆိုတာ ဘာမှ
မပြောပလောက်ဘူး ..

ပျက်စီး ဆုံးရှုံးခဲ့ရရင်တောင် လူ့အသက်တစ်ချောင်းလောက်
တန်ဖိုးမရှိဘူး ...

ဆန်အိတ်တွေ ချမပေးဘဲ ပြန်သွားလို့ရတယ်
ဆင်းစရာ နေရာမရှိလို့ ဆိုပြီး ပြန်သယ်လာလို့လဲ
ဘယ်သူမှ အပြစ်မပြောဘူး

တခြားနေရာတွေကိုလည်း အချိန်နဲ့ တပြေးညီ ရိက္ခာ
လိုက်ချပေးရဦးမယ်

ခင်ဗျားတို့သာဆို ဘယ်လို ဆုံးဖြတ်မလဲ
မျှော်လင့်ချက်တွေနဲ့ စောင့်နေတဲ့သူတွေကို ဥက္ခာပြုပြီး
ပြန်လှည့်သွားမှာလား

ဒီတစ်ခေါက်ကတော့ မထူးတော့ဘူးလေ
ပါလာသမျှချပေးခဲ့လိုက်မယ် ...

နောက်တစ်ခေါက်ကျရင်တော့ ဒီနေရာကို လာရင်
သေချာထုတ်ပိုးပြီးမှ လာမယ်လို့ဘဲ ဆုံးဖြတ်မှာဘဲ ...

အခု ကယ်ဆယ်ရေးမှာ တာဝန်ထမ်းဆောက်နေတဲ့ pilot တွေဟာ
ရဟတ်ယာဉ်ကို ဖုတ်ဖတ်ခါပြီး တက်သွားလို့မရဘူးဗျ ...

မြေပုံတွေပြင်ရတယ် ကုန်တွေ တွက်ချက်ရတယ်
ခရီးအသွားပြန် ဆန်အိတ်ချပေးမယ့်ကြာချိန် ဆီပမာဏ
အကုန်လုံးကို တွက်ချက်ထားရတယ်

Endurance , pay load,max takeoff weight.
အဲ့ဒါတွေ အများကြီး ထည့်စဉ်းစားရသေးတယ်ဗျ
အရမ်းကို လွယ်ကူတဲ့ အလုပ်လို့တော့ မထင်နဲ့

ခုကိစ္စမှာ အမှားဖြစ်ခဲ့တယ်ဆိုရင်တောင်
စေတနာ အမှားပါ ...

တမင်ရည်ရွယ်ပြီး မှားခဲ့တာ မဟုတ်ပါဘူး
နောက်ကို ဒီလို မဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲဆိုတာဘဲရှိပါတယ်

ရဟတ်ယာဉ်မှူးတွေလည်း ဗုဒ္ဓဘာသာဝင်တွေပါဗျ
ဘယ်သူမှတော့ ယုတ်ညံ့တဲ့ စိတ်ဓါတ်နဲ့ ရွံ့ထဲပစ်မချဘူး ...

ဒီတိုင်း ပြန်သယ်သွားရမယ့်အတူတူ စားလို့ ရကောင်း ရငြား
စေတနာနဲ့ ချပေးခဲ့ရတာပါ ...

ဒီလိုမှ ချမပေးဘဲ ပြန်သယ်သွားတာထက်စာရင် ချပေးလိုက်တာက
အကျိုးရှိမယ်လို့ တွေးမိမှာဘဲ

ကိုယ့်ဘက်က စေတနာထားပါလျှက်နဲ့ ရှုံ့ချ အပြစ်တင်
ခံရတယ် ဆိုရင်……………………

လုပ်နေတဲ့သူတွေ အားပျက်တယ်ဗျာ

အဲ့ဒီတော့ လုပ်နေတဲ့သူတွေကို အားမပေးရင်နေပါ
လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် စိတ်ဓါတ်တွေကို လာမဖျက်စီးပါနဲ့……

ချစ်သောမျက်စိဖြင့်သာ ရှုပါ

MM Air Force က ညီလေးရဲ့ စာကို ဖတ်မိရင် ရဟတ်ယာဉ်ရဲ့
အခက်အခဲ မြေပြင်အခြေအနေကြားမှာ ဖြစ်ပေါ်ခဲ့တာတွေကို
နားလည်သွားကြမယ်လို့  ထင်ပါတယ် ...

ကျွန်တော်တို့ အနေနဲ့  အကူအညီတောင်းခံကြောင်း စာ
ရလျှင် ရခြင်း ဆောင်ရွက်ရခြင်း ...

မြေပြင်အခြေအနေအထား အရ အဆင်ပြေချောမွေ့ အောင်
ချက်ခြင်း ဆောင်ရွက်ရခြင်း ...

တို့ ကြောင့် လိုအပ်ချက်များ ရှိရင် နာလည်ပေးနိုင်ကြပါရန်
လေးစားစွာတင်ပြအပ်ပါသည် ။

#ဖိုးသားလေး facebook

No comments:

Post a Comment