Links

clock

Tuesday, August 18, 2015

ဒေါ်အောင်ဆန်းစုကြည်သည် ကြံ့ခိုင်ရေးပါတီ၏ အတွင်းရေးကိုဝင်ရောက်စွက်ဖက်နေဟုဆို


ဦးရွှေမန်းကို ကြံခိုင်ရေးပါတီတွဲဖက်ဥက္ကဌ အဖြစ် ရုတ်သိမ်းသည့်ကိစ္စ ဒီမိုကရေစီနည်းလမ်းမဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြားချက် ကြံ့ခိုင်ရေးအမတ်မှဝေဖန်ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးရွှေမန်းကို ဖြုတ်ချခဲ့သောလုပ်ရပ်သည် ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်း နေပြည်တော် လွှတ်တော် အဆောက်အဦး တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခြင်းသည် ကြံ့ခိုင်ရေးပါတီ၏ ကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

“အမှန်က ဦးရွှေမန်းကို ဖြုတ်ချတာမဟုတ်ဘူးဗျ၊ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ သမ္မတကြီး က အခြေခံ ဥပဒေအရ ဥက္ကဌ တာဝန်ထမ်းဆောင်လို့ မရတဲ့အတွက် ဒုဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းကို ပုးတွဲဥက္ကဌ တာဝန် ပေးခဲ့တာ။ နမူနာပြောရရင် တပ်ရင်းမှူးက စစ်ဦးစီးတက္ကသိုလ်သွားတက်တုန်း ဒုတပ်ရင်းမှူးကို ခေတ္တတပ်ရင်းမှူး အဖြစ် တာဝန် ပေးခဲ့တဲ့သဘော၊ ဦးရွှေမန်းကို ဖြုတ်တာ ဒီမိုကရေစီနည်းကျ မဟုတ်ဘူးဆိုတော့ ဦးရွှေမန်းက သူ့ကိုယ်သူ ဥက္ကဌဆိုပြီး လုပ်တာ ကရော ဒီမိုကရေစီနည်းကျလို့လား မေးချင်တယ်။ ဦးရွှေမန်းကို ဘယ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ကြံ့ခိုင်ရေး ဥက္ကဌအဖြစ်ရွေးလိုက်တာလဲ၊ ပုးတွဲဥက္ကဌ တာဝန်ပေးခဲ့တာကို ဦးရွှေမန်းက ပါတီတွင်း အာဏာသိမ်းပြီး သူ့ကိုယ်သူ ဥက္ကဌ ဆိုပြီး လုပ်ခဲ့တာ။ ပြီးတော့ ပါတီကို သူ့မိသားစုပိုင်ပစ္စည်းလို သဘောထား ချယ်လှယ်ခဲ့တယ်၊ ဘာတွေ ဘယ်လောက် ချယ်လှယ်ခဲ့သလဲဆိုတာ ကိုတိုးနိုင်မန်းရဲ့ အင်တာဗျူး ဖတ်ကြည့်ပါလား၊ ကြံ့ခိုင်ရေး ပါတီကို ပြင်ဆင်ဖို့ သူတို့မိသားစု ဆွေးနွေးဆုံးဖြတ်ခဲ့တာတဲ့။ စီအီးစီတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် စီအီးစီ တွေက ဥက္ကဌ အစစ်ဖြစ်တဲ့ သမ္မတကြီးပြန်လာပါတော့လို့ ၊ ဒီလိုတွေတော့ဖြစ်နေပြီလို့ တိုင်ကြားခဲ့တဲ့ အတွက် ဥက္ကဌ အစစ်ဖြစ်တဲ့ သမ္မတကြီးက ဦးရွှေမန်းအစား ဦးဌေးဦး ကို တွဲဖက်ဥက္ကဌ တာဝန်ပေးလိုက်တာ။ ရှင်းရှင်းလေး” ဟု ဆိုသည်။
“ဦးရွှေမန်းကို ဖြုတ်လိုက်တဲ့ကိစ္စ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဝင်တွေကို အစစ်အဆေး အမေးအမြန်းမရှိထုတ်ပစ်တာကျတော့ ဒီမိုကရေစီနည်းလမ်းကျလား မေးချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌပါ၊ ကြံ့ခိုင်ရေးပါတီဥက္ကဌ မဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီတွင်း ကိစ္စတွေကို ဝင်မစွက်ပါနဲ့၊ ကိုယ့်ပါတီတွင်း ကိစ္စတွေကိုပဲ အာရုံစိုက်ပါလို့ပြေချင်တယ် ” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment