Links

clock

Sunday, October 11, 2015

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးရုံးချိန်း ယနေ့စစ်ဆေးမည်

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားဇော်လင်းကို စစ်ဆေးပြီး၍ အောက်တိုဘာ ၁၁ ရက်တွင် ဝင်း ဇော်ထွန်းအား နောက်ဆုံးရုံးချိန်း အဖြစ် ရုံးထုတ်စစ်ဆေးမည် ဖြစ် ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၀ ရက်တွင်ဖမ်းဆီးခံမြန်မာလုပ်သား ဇော် လင်းကို ရုံး
ထုတ်စစ်ဆေးရာ တရားလိုပြရှေ့နေများက စီစီတီဗီ အကြောင်းအရာများ၊ ဒီအင်န်အေ အကြောင်းအရာများမေးမြန်းခြင်း မရှိဘဲ ဝန်ခံချက်များကိုသာ မေး မြန်းသွားကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုး သန့်က ပြောသည်။
‘‘စီစီတီဗီ အကြောင်းရယ်၊ ဒီအင်န်အေအကြောင်းတွေရယ် မေးမြန်းတာ မတွေ့ရပါဘူး။ အဲဒီနှစ်ခုကလည်း အန်ကယ်တို့ဘက် က ချေဖျက်ပြီးသွားပြီ။ အဲဒါ ကြောင့် ဝန်ခံချက်တွေပဲ မေးကြတာပေါ့။ ဇော်လင်းက ရဲတွေဖမ်းဆီးတုန်းက နှိပ်စက်တဲ့ဒဏ်တွေ ကို မခံနိုင်လို့ ဝန်ခံလိုက်ပါတယ်လို့ ထပ်မံ ထွက်ဆိုထားပါတယ်’’ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့သည် ၂၀၁၄ အောက်တိုဘာ ၁၀ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ထံ ဝန် ခံထားပြီး နိုဝင်ဘာ ၆ ရက်၌  ရှေ့နေများထံ ထပ်မံဝန်ခံထားသည်။ ဝန်ခံထားသောရှေ့နေများသည် မြန်မာသံရုံးက တရားဝင် ခန့်အပ်ထားသူများမဟုတ်ဘဲ ထိုင်းရဲ တပ်ဖွဲ့က ခေါ်ဆောင်လာသော ရှေ့နေများဖြစ်သောကြောင့် ပါဝါရုပ်သိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘ဝင်းဇော်ထွန်းပဲ စစ်ဆေးစ ရာကျန်တော့တယ်။ မနက်ဖြန် ဝင်းဇော်ထွန်းကို တစ်ရက်တည်း အပြီး စစ်ဆေးနိုင်လောက်ပါ တယ်။ အဲဒါပြီးရင်တော့ အမိန့်ချ မယ့်ရက်ကို သတ်မှတ်နိုင်မှာပါ’’ ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
အောက်တိုဘာ ၁၀ ရက် ရုံး ချိန်းတွင် ဗြိတိန်နိုင်ငံမှ လာရောက်သောအဖွဲ့သည် တရားခွင်၌  လာရောက်နားထောင်ခဲ့သည်။
‘‘အင်္ဂလန်အဖွဲ့ကနေ အန် ကယ့်ကို စကားလာပြောပါတယ်။ ကလေးနှစ်ယောက်က အပြစ်မှာ ကျူးလွန်ခြင်းမရှိဘူးလို့ အန်ကယ် ရေးတဲ့စာကို ဖတ်ပြီး ချီးကျူး ကြောင်း လာပြောပါတယ်။ ရေး ထားတာကို မြန်မာနဲ့ ဘာသာပြန် ခိုင်းပြီး ဖတ်တာပေါ့။ အန်ကယ်ကကလေးတွေနှစ်ယောက်က အပြစ်ကင်းစင်ပြီး အစားထိုးခံရတာဖြစ် တယ်လို့ ရေးထားတာပါ။ အဲဒါကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ဖြန့်ဝေချင်ပါတယ်လို့ လာခွင့်တောင်း တာပါ။ အဲဒါလေး ထူးခြားပါ တယ်’’ဟု ရှေ့နေ ဦးအောင်မျိုး သန့်က ပြောသည်။7 Day

No comments:

Post a Comment