Links

clock

Sunday, October 11, 2015

မကြာသေးမီက ရေပန်းစားခဲ့သည့် ဗီယက်နမ်အလှမယ်မင်းသမီး ငုယင်ထရန်ဟုရန်မေ

ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် မြန်မာပရိသတ်များအကြား မကြာသေးမီက ရေပန်းစားခဲ့သည့် ဗီယက်နမ်အလှမယ်မင်းသမီး ငုယင်ထရန်ဟုရန်မေ နှင့် Myanmar Media 7 တို့ အနုပညာလုပ်ငန်းများလက်တွဲလုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။


Myanmar Media 7 ဥက္ကဌ ကိုဝေမင်းမောင် က သူ၏ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် ယနေ့ စာချုပ်ချုပ်ဆိုခဲ့သည်ကို အသိပေးထားပြီး ထိုသို့စာချုပ်ချုပ်ဆိုနိုင်ခဲ့သောကြောင့် ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေ သည် ၎င်းတို့၏ ကုမ္ပဏီနှင့်အတူ အနုပညာလှုပ်ရှားမှုများ ၊ ပရဟိတလှုပ်ရှားမှုများပြုလုပ်သွားမည်ဟု ရေးသားထားသည်။

ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေ ၏အလှဓာတ်ပုံများ သည် မြန်မာနိုင်ငံမှ ဖေ့ဘွတ်ခ်သုံးစွဲသူ ပရိသတ်များအကြား ပျံ့နှံ့ပြီးရေပန်းစားခဲ့သည်။
Myanmar Media 7 သည် ထိုင်းနိုင်ငံမှ မင်းသမီး ကာရဗီနှင့်လည်း စာချုပ်ချုပ်ဆိုခဲ့ကာ အနုပညာလှုပ်ရှားမှုများလက်တွဲလုပ်ဆောင်ခဲ့ဖူးသည်။

No comments:

Post a Comment