Links

clock

Monday, October 12, 2015

ပြည်ထောင်စုပအိုးဝ်အမျိုးသားအဖွဲ့ချုပ်ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှစ်ခု ဖျက်ဆီးခံရ

 ပြည်ထောင်စုပအိုးဝ် အမျိုးသားအဖွဲ့ချုပ်ပါတီ (ပ.အ. မ.ဖ)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်နှစ်ခု ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

         တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု လွယ်ကောင်းရွာသစ်ရှိ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် အောက်တိုဘာ ၇ ရက်ညက ဖျက်ဆီးခံထားရပြီး ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ၊ နန်းပုလင်ကျေးရွာအုပ်စု ဉာဏ်ပင်သစ်ကျေးရွာတို့တွင် စိုက်ထူထားသည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်မှာ အောက်တိုဘာ ၉ ရက်ညက ဖျက်ဆီးခံထားရသည်ဟု ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (ဗဟို) ဒုဥက္ကဋ္ဌဦးခွန်မျိုးမြင့်ဦးကပြောသည်။
           ‘‘နှစ်နေရာ ဖျက်ဆီးခံရတယ်။ တောင်ကြီးမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ထောင်ထားတဲ့ အောင်နိုင်ရေးဆိုင်းဘုတ်တွေ အဖျက်ခံရတယ်။ ဓားနဲ့မွှန်းသွားတဲ့ပုံစံမျိုးဖျက်ဆီးခံရတယ်’’ဟု ဦးခွန်မျိုးမြင့်ဦးက ပြောသည်။
ပြည်ထောင်စုပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီ(ဗဟို)သည် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်များ ကို တစ်မြို့နယ်လျှင် ဆယ်ခုခန့်စိုက်ထူထားကြောင်း သိရသည်။
ရွေးကောက်ပွဲ အောင်နိုင် ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရ သည်ကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ထံ တိုင်းကြား၍ တရားခံ ရှာဖွေမည်ဖြစ်ကာ ရဲအရေး မပိုင် ပါက အကျိုးဖျက်ဆီးမှုနှင့် တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ပါတီ ကပြောသည်။
တောင်ကြီးမြို့ ဘုရားဖြူရပ် ကွက် ပန်းတင်ကျေးရွာ အုပ်စု ရေတံခွန်ကျေးရွာတွင် စိုက်ထူ ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း များ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် တစ်ခု အောက်တိုဘာ ၇ ရက်ညတွင် ဖျက်ဆီးခံခဲ့ရသည်ဟု တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်မောင်တိုးက ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (ပ.အ.မ.ဖ) မှ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်နှင့် ရပ် စောက်မြို့နယ်များ၌ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၄ ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ သတင်းရရှိသည်။
7 Day

No comments:

Post a Comment