Links

clock

Monday, October 12, 2015

ကလေးဝတွင် တောင်ကျရေနှင့် မျောပါမှုကြောင့် ပျောက်ဆုံးနေသူသုံးဦး ရုပ်အလောင်းများ ပြန်တွေ့

မိုးအဆက်မပြတ်ရွာသွန်းခဲ့  ပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလေးဝမြို့နယ် ရွာတစ်ရွာမှ လူ နှင့် ကျွဲ၊ နွားများပျောက်ဆုံးခဲ့ရာ အမျိုးသားသုံးဦး ရုပ်အလောင်း များကို အောက်တိုဘာ ၁၀ရက် တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။

အောက်တိုဘာ ၈ရက်ကမိုး အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလေးဝမြို့နှင့် ၅၂မိုင်ခန့်အကွာ ကျောက်ကြီးကျေးရွာတွင် အိမ် ထောင်စုနှစ်စု၊ အမျိုးသားကိုးဦး၊ အမျိုးသမီးငါးဦး၊ ကျွဲခုနစ်ကောင်၊ နွားနှစ်ကောင်တို့ ရေစီးဖြင့်မျော ပါခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသ တင်းရရှိသည်။
ထို့ကြောင့် ကလေးခရိုင်ရဲ တပ်ဖွဲ့မှူးနှင့် ကလေးဝမြို့နယ်စီ မံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ အောက်တို ဘာ ၁၀ ရက်၌ ကျောင်းကြီး ကျေးရွာအောက်ဘက်ငါးမိုင်ခန့် အကွာချောင်းဘေးတွင် ယင်းရွာ နေ အသက်(၇၀)ခန့်အမျိုးသား တစ်ဦး၏ ရုပ်အလောင်း၊ မော် လိုက်မြို့နယ်ထော်သာကျေးရွာ အနီး ချောင်းဘေးတွင် ကျောင်း ကြီးကျေးရွာနေ အသက်(၂၀)နှစ် ခန့်အမျိုးသားတစ်ဦး၏ ရုပ်အ လောင်းနှင့် ကျောင်းကြီးကျေးရွာ အနောက်ဘက် ၇မိုင်ခန့်အကွာ တောင်အောက်အနီးတွင် တန့် ဆည်မြို့နယ် ယမုံတောင်ကျေးရွာ နေ အမျိုးသားတစ်ဦး၏ ရုပ်အ လောင်းများ ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။ ကလေးဝမြို့နှင့်  ၄၉မိုင်ခန့် ကွာဝေးသည့် ချင်းချောင်းကျေး ရွာတွင် ကျေးရွာနှင့်တစ်မိုင်ခန့်အ ကွာ လယ်တော၌ ကျွဲ၊နွားများ လွှတ်ကျောင်းထားစဉ် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကျဆင်းမှုကြောင့် ကျွဲရှစ်ကောင်နှင့် နွားတစ်ကောင်ရေစီးဖြင့်မျောပါခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ကလေးဝမြို့နှင့် ၄၈မိုင်ခန့်အကွာ ဝေပုံကျေးရွာ တွင် ကျေးရွာနှင့်တစ်မိုင်ကျော် ကွာဝေးသည့် လယ်တော၌လွှတ်ကျောင်းထားသည့် ကျွဲလေးကောင်နှင့် နွားတစ်ကောင်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေဖြင့် မျောပါသွားသဖြင့် ကလေးဝမြို့ မြို့မရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။7 Day

No comments:

Post a Comment