Links

clock

Thursday, October 8, 2015

ဒီချုပ်ဟောပြောပွဲအနီး သစ်ပင်ရှိပျားအုံ ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက်သူအချို့ ပျားတုပ်ခံရပြီး ဟောပြောပွဲရပ်ဆိုင်း

မကွေးတိုင်း ချောက်မြို့ နယ် စလေတိုက်နယ်အတွင်းရှိ ဥယျာဉ်ကျေးရွာ ရှင်ပင်စာကြို ဘုရားဝင်းအတွင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ဟောပြောပွဲပြုလုပ်နေစဉ် အနီးရှိ မန်ကျည်းပင်ပေါ်မှ ပျားအုံကြီးကို ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက် လာသည့် ပရိသတ်အချို့ ပျား တုပ်ခံရသောကြောင့် အစီအစဉ် မပြီးမီ ဟောပြောပွဲ ရပ်တန့်ခဲ့ရ ကြောင်း ချောက်မြို့ ဒီချုပ်အောင် နိုင်ရေးအဖွဲ့မှ သတင်းရရှိသည်။

အောက်တိုဘာ ၆ ရက်နေ့ လယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ခြောက်ဦးခန့် ပျားတုပ်ခံရကာ တစ်ဦးမှာ နားအတွင်းထိ ပျားဝင် သွားသဖြင့် ဆေးရုံတက်၍ ထုတ်ခဲ့ရကြောင်း ချောက် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးဝင်းက ပြော သည်။
‘‘ပါတီ အောင်နိုင်ရေးအ တွက် ဖျော်ဖြေအစီအစဉ်လည်း ပါတယ်။      ‘‘ပါတီအောင်နိုင်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်လည်း ပါတယ်။ နောက် ကိုယ်စားလှယ် လောင်းမိတ်ဆက် အစီအစဉ် လည်း လုပ်မယ်ပေါ့၊ စီစဉ်ထားခဲ့ တာ။ သီချင်းနှစ်ပုဒ်လောက်အပြီး ပဲရှိဦးမယ်။ အဲဒီမန်ကျည်းပင်ကြီး အောက်က ပရိသတ်တွေ ရုတ် ရုတ်သဲသဲဖြစ်တယ်။ ပျားတွေ တုပ်ခံရတယ်ပေါ့။ အဲဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် မိတ်ဆက်တာ တောင် မလုပ်တော့ဘဲ ရပ်နားခဲ့ တယ်’’ဟု ၎င်းက ပြောသည်။
ပရိသတ် နှစ်ရာခန့် ရှိနေ သော အဆိုပါအခမ်းအနားစတင် နေစဉ် လူငယ်နှစ်ဦး ရောက်ရှိလာပြီး ပျားအုံကြီး တည်ရှိရာ မန်ကျည်းပင်ကြီးသို့ လောက် လေးခွဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု ကွင်းအနီး ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပြ၍ သိရှိခဲ့ရကြောင်း ချောက်မြို့လူငယ်ပြန်ကြားရေးတာဝန်ခံကိုမျိုးကိုက ပြောသည်။
‘‘အဲဒီပစ်သွားတဲ့ သူတွေကို ဖုန်းနဲ့ ဗီဒီယို နှစ်ယောက်တောင် ရိုက်ယူထားတယ် ပြောတယ်။ အခု အဲဒီဗီဒီယိုကို ယူလာဖို့ဆက် သွယ်နေတယ်’’ဟု တိုင်းလွှတ် တော်ကိုယ်စားလှယ်လောင်း ဦး စိုးဝင်းက ပြောသည်။
လုံခြုံရေးလိုက်ပါလာသော ရဲတပ်ဖွဲ့ဝင်၏အကူအညီဖြင့် နီး စပ်ရာရဲစခန်းသို့ အကြောင်းကြား ခဲ့ပြီး ဒေသရဲတပ်ဖွဲ့ကလည်း အ ခင်းဖြစ်ရာနေရာသို့ တစ်နာရီအ တွင်း ရောက်ရှိလာကာ ကူညီ ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
သတင်းပေး အကြောင်း ကြားမှုသာ ပြုလုပ်ခဲ့ပြီး အမှုမဖွင့် တော့ကြောင်း ၎င်းက ဆိုသည်။ ‘‘ဒီနေရာမှာ ဒါရှိတယ်ဆိုတာ သိ သူက လုပ်တာပါပဲ။ အကြောင်းရှိ လို့လုပ်တာပေါ့။ ဒါပေမဲ့ ပြဿနာ မဖြစ်ဘဲ ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ယှဉ်ပြိုင်ချင်တယ်’’ဟု ဦးစိုးဝင်း က ဆိုသည်။
7 Day

No comments:

Post a Comment