
October 12th, 2015
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ရှိနေတဲ့ မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ဖို့ အတွက် ဥရောပသမဂ္ဂက ပထမအသုတ်အနေနဲ့ ကာလရှည် လေ့လာသူ ၃၀ ဦးကို စတင်စေလွှတ် လိုက်ပါတယ်။
ဒီ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ ကာလရှည် လေ့လာသူ ၃၀ ဦးဟာ အောက်တိုဘာလ ၁၁ ရက်နေ့ကစတင်ပြီး ရန်ကုန်မြို့ကနေ တာဝန်ကျရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးဆီကို ထွက်ခွါသွားကြပြီလဲဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ရွေးကောက်ပွဲရက်ဖြစ်သည့် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ အဖွဲ့နိုင်ငံ ၂၈ နိုင်ငံက စောင့်ကြည့်လေ့လာသူ ၁၅၀ ဦးက မြန်မာနိုင်ငံအနှံရှိ မဲရုံးတွေကို သွားရောက်ကာ မဲပေးပုံ၊ မဲရေတွက်ပုံနဲ့ မဲရလဒ် ထုတ်ပြန်မှုအပါအ၀င် ရွေးကောက်ပွဲ ကျင်းပပုံ အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာကြဖို့ရှိနေတာပါ။
ဒါအပြင် ဒီစောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှု၊ မဲရုံးမှုတွေကို သင်တန်းပေးမှုနဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကြည်ရှု့မယ့် အပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံကာ မဲဆွယ်စည်းရုံးရေး အခြေအနေတွေကို လေ့လာသွားမယ်လို့ အီးယူရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးမစ်ရှင်က ပြောပါတယ်။
ရွေးကောက်ပွဲပြီးချိန်မှာတော့ ဒီလေ့လာစောင့်ကြည့်ရေးအဖွဲ့ကနေ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ် ပဏမထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ ပိုမို စနစ်ကျပြီး တိကျတဲ့ အပြီးသတ်အစီအရင်ခံစာ
တစ်ရပ်ကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
တစ်ရပ်ကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
စံတော်ချိန်













No comments:
Post a Comment