


=======================================
6, October, 2015 By Voice Of Kachin
၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ဖားကန့်ခရိုင် သယံဇာတရုံး လက်အောက်ခံ ဖားကန့်သယံဇာတရုံးမှ အားတောင်နှင့် ကံမောင်တို့မှ ဦးစိုင်းထွန်းလွင်အား ဆက်ကြေးပေးဆောင် ရန် ပြောကြားခဲ့ရာ ၎င်းမှ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ တင်ပြ၍ ဆက်ကြေးငွေ မပေးနိုင်ကြောင်းအား မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ရုံးဖွင့်လှစ်ထားရှိသော ကေအိုင်အို ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုယ်စားလှယ် ဇော်တောင်ထံသို့ တိုင်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။
၎င်းကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ နန့်မှော်ကျေးရွာ၊ ရက်ကွက်(၁)၊ အိမ်အမှတ်(၃၁)တွင် နေထိုင်သော ဦးစိုင်းထွန်းလွင် (၃၅)နှစ်၊ ရှမ်း/ဗုဒ္ဓ အား KIA သောင်းကျန်းသူ(၂)ဦးမှ အိမ်ပေါ်ထိတက်ကာ ဥပဒေမဲ့ တရားလက်လွတ် သေနတ်အတိုဖြင့် (၆)ချက်တိတိ မသေမချင်း ပစ်ခတ်ခဲ့သည်။
ဖြစ်စဉ်တွင် ဦးစိုင်းထွန်းလွင်မှာ သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ နေအိမ်တွင် သန့်ဇင်ဦး(၂၂)နှစ်၊ သန်းမင်းထိုက်(၃၀)နှစ်တို့နှင့် (၃)ဦး အတူရှိနေစဉ် ဆိုက်ကယ်ဖြင့် ကချင်အမျိုးသား(၂)ဦး ရောက်ရှိလာပြီး မော်လကင်ဈေးတန်းဘက်တွင် ကျောက်ရောင်းရန် ရှိသဖြင့် လိုက်ကြည့်ပေးစေလိုကြောင်း အိမ်ပေါ်သို့တက်၍ ဦးစိုင်းထွန်းလွင်အားပြောရာ ၎င်းမှ ကျောက်ဈေးကွက်အေးနေသဖြင့် အလုပ်နားထားကြောင်း၊ ၀ရန်တာတွင် သန့်ရှင်းရေး လုပ်နေသော ၎င်း၏ညီဖြစ်သူ သန့်ဇင်ဦးအား လိုက်သွားရန် ပြောခဲ့သည်။
ထို့နောက် လာရောက်ခေါ်ဆောင်သူများမှ အရင်သွားနှင့်မည်ဟုဆိုကာ ထိုင်ရာမှထစဉ် ခါးကြားတွင်ဝှက်ယူလာသော သေနတ်အတိုဖြင့် ထိုင်နေသော ဦးစိုင်းထွန်းလွင်အား ခြောက်ချက် တိတိ မသေမချင်း ပစ်သတ်ကာ သန့်ဇင်ဦးအား သေနတ်ဖြင့်ချိန်ရွယ်၍ အိမ်အောက်သို့ ပြေးဆင်းသွားပြီး အသင့်စောင့်ဆိုင်းနေသော ဆိုင်ကယ်ဖြင့် နန့်မှော်ရွာအရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ၎င်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး အလောင်းအား ယာဉ်(၁)စီးဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
မနောမြေမီဒီယာ













No comments:
Post a Comment