Links

clock

Sunday, January 5, 2020

လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ခေါင်းဆောင်များကြောင့် စစ်ရေးနည်းဖြင့် ဖြေရှင်းနေရဟု ကာကွယ်ရေးဦးစီးချုပ်ပြော


ဒီနေ့အထိ အမြင်ကျဉ်းမြောင်းနေဆဲ၊ အတ္တကိုရှေ့တန်းတင်နေဆဲဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ ငြိမ်းငြိမ်ချမ်းချမ်း ဆောင်ရွက်ရမယ့်အစား နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တ
ရားကို ပျက်ပြားစေပြီး ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေတာတွေ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါး နှောင့်ယှက်နေတာတွေအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုစိတ်နည်းပါးတာတွေကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင် ဖြေရှင်း နေရတာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တာနဲ့ပတ်သက်လာရင် တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတရပ်ဖြစ်တာကို တပ်မတော်ရဲ့ အစဉ်အလာ ၁၂ ရပ်နဲ့ မှတ်ကျောက်တင်ခံခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ သီဟသူရဘွဲ့ရရှိသူ ၁ ယောက်၊ သူရဘွဲ့ရရှိသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၉ ယောက် ရှိခဲ့ပါတယ်။
DVB

No comments:

Post a Comment