Links

clock

Saturday, March 17, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများသို့ ချစ်ကြည်ရေးခရီး မကြာမီ သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ ကျုံးသန်စန်း၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် ပရယ်ဘတ်ဆမ်ဒက် ပရယ်ဘိုရိုနစ် နိုရိုဒွန်သီဟာမိုနီနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ကျူမာလီဆိုင်ညဆွန် တို့၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။
အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း
(၁)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်၌ မတ်လ ၁  ရက်နေ့တွင် မိန့်ခွန်းပြောကြားရာ၌ အမျိုးသားပြန်လည်ပေါင်း စည်းညီညွတ်ရေးအတွက် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း၏ တိုက်တွန်းမှု ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ပြည်သူ့ဆန္ဒ အကောင်အထည်ဖော်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ကိုအခြေခံတဲ့ ယုံကြည်မှုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟုလည်း နိုင်ငံတော်သမ္မတက ပြောပါသည်။

No comments:

Post a Comment