ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက သူ့ရဲ့ အကြိုက်ဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ခဲ့ကြောင်း သတင်း ရရှိပါတယ်။
မက်ဆီ ရွေးချယ်ပေးခဲ့တဲ့ ကစားသမားတွေကတော့ ပရီးမီးယားလိဂ်မှ တိုက်စစ်မှူး ၃ ဦးကို ရွေးချယ် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ကစားသမားတွေကတော့ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဗန်ပါစီ မန်ယူ အသင်းရဲ့ တိုက်စစ်မှူး ရွန်းနီ နဲ့ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အဂူရို တို့ပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး မက်ဆီက အဆိုပါ ကစားသမားများနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တိုက်စစ်မှူးကောင်း များစွာရှိကြောင်း အဲ့ဒီ အထဲကမှ သူတို့တွေကတော့ အကောင်းဆုံးတွေ ဖြစ်ကြောင်း ၊ အဂူရိုဟာ ဆိုရင်လည်း မိမိ သူငယ်ချင်း ဖြစ်ကြောင်း ၊ သူဟာလည်း တိုက်စစ်မှူးကောင်း တစ်ယောက်ဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြလေ့ ရှိကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွန်းနီနဲ့ ပတ်သက်ပြီးလည်း ကမ္ဘာပေါ်မှာ နှစ်ယောက် မရှိသော တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်းနဲ့ ယခုနှစ် ရာသီ စွမ်းဆောင်ရည်တွေဟာလည်း ကြောက်မက်ဖွယ် ကောင်းကြောင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ဗန်ပါစီ နဲ့ ပတ်သက်ပြီးလည်း ကြောက်မက်ဖွယ် တိုက်စစ်မှူး ဖြစ်ကြောင်းနဲ့ အာဆင်နယ် အသင်းကို အကောင်းဆုံး မြှင့်တင် ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ပြန်တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်စစ်မှူးတွေဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ သက်ဆိုင်ရာ အသင်းတွေ အတွက် ခြေစွမ်း ပြနေကြသူများလည်း ဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီဟာ ဆိုရင် ယခုနှစ် ဘောလုံး ရာသီမှာတော့ အာဆင်နယ် အသင်း အတွက် ၃၈ ပွဲမှာ ၃၃ ဂိုး အထိ သွင်းယူပေးခဲ့ သလို ရွန်နီ ဟာလည်း ၃၂ ပွဲမှာ ၂၇ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး အဂူရို ကတော့ ၃၉ ပွဲမှာ ၂၁ ဂိုး အထိ သွင်းယူ ထားနိုင်တာလည်း ဖြစ်ပါတယ်။ အဆိုပါ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ယခုနှစ် ဘောလုံး ရာသီမှာ ၃၆ ပွဲ ကစားကာ ၄၈ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့တာလည်း ဖြစ်ကြောင်း သတင်း ရရှိပါတယ်။
MRTV-4













No comments:
Post a Comment