Links

clock

Saturday, March 17, 2012

တန်ဖိုး ငွေကျပ် ၉၆သိန်း ဆုံးရှုံးခဲ့သည့် ယမန်နေ့ည တောင်ဥက္ကလာပ မြို့ နယ်မှ မီးလောင်ကျွမ်းမှု

ယမန်နေ့ မတ်လ ၁၆ ရက်နေ့ည ၆ နာရီ ၁၅ မိနစ် အချိန်ခန့်က တောင်ဥက္ကလာပ မြို့နယ်၊ ၄ ရပ်ကွက်၊ သုတ ၁ လမ်းမှာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား ခဲ့ပြီး
အဆိုပါ မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၉၆ သိန်း ဆုံးရှုံးခဲ့တယ်လို့ မီးသတ် ဦးစီးဌာနက သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဟာ အိမ်အမှတ် ၄၉၃/က နှစ်ထပ်တိုက်မှ အပေါ်ထပ် စာအုပ်စင် ပေါ်မှာ ဗီစီဒီစက် ဖွင့်ထားရာက အပူလွန်ကဲပြီး မီးလောင် ကျွမ်းခဲ့ကာ အိမ်ခြေ ၁၂ လုံး ဆုံးရှုံးခဲ့ ရပါတယ်။

မီးလောင်မှု ဖြစ်ပွားရာ နေရာကို မီးသတ်ယာဉ် ၄၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြု ယာဉ် ၄ စီး၊ မိတ်ဖက်ယာဉ် ၉ စီးနဲ့ တိုင်းကြက်ခြေနီ ၁ စီးတို့ သွားရောက် ငြှိမ်းသတ်ခဲ့တဲ့ အတွက် ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ မီးငြိမ်း သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရတဲ့ နေအိမ်များမှ မိသားစုဝင် တွေကိုတော့ လတ်တလောမှာ အဆိုပါ ရပ်ကွက် ဓမ္မာရုံမှာ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားရှိပေး ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစခန်းမှာ မီးဘေးသင့် သူတွေ အတွက် ထောက်ပံ့ ငွေတွေ၊ ပစ္စည်းတွေ ကိုလည်း ယာယီ လက်ခံပေး ထားပြီး ဓမ္မာရုံက တစ်ဆင့် ထပ်မံပြောင်းရွှေ့ပေးဖို့ စီစဉ်ထားတဲ့ မူလတန်းကျောင်းကို ပြောင်းရွှေ့ ပြီးမှသာ ပစ္စည်းတွေကို ခွဲဝေပေးမယ်လို့ သတင်း ရရှိပါတယ်။
MRTV-4


No comments:

Post a Comment