Links

clock

Sunday, June 17, 2012

လူထုစိန်ဝင်း (၁၇)ရက်နေ့ည မှာကွယ်လွန်


လူထုစိန်ဝင်း



ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်လို့ ဆိုတဲ့ ဆရာ လူထုစိန်ဝင်း ဒီည ၁၁နာရီမှာပဲဆုံးပါးသွားသည်ဟုသိရှိရပါတယ်။ ရန်ကုန်မြို့ SSC ဆေးရုံတွင် ရင်ကြပ်ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်းသီရသည်။

ယင်းသတင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က 

အတည်ပြုေဲပြာကြားခဲ့ပြီး နာရေးကိစ္စများအတွက် ၄င်း၏ အသင်းမှပင် ကူညီလပ်ဆောင်ပေးနေကြောင်း 

ကွယ်လွန်ပြီး နာရီဝက်အကြာတွင် ပေါ်ပြူလာနယူးစ်သို့ဆက်သွယ်ပြောကြားသည်။


"အစိုးရဆိုတာလည်းလူပဲ...သတင်းသမားကလည်းလူပဲ...ပြည်သူကလဲလူပဲ.လူဆိုရင် ဘယ်သူဖြစ်ဖြစ်အမှားတော့ရှိမှာပဲ.... သူတစ်ပါဘ၀ပျက်လောက်တဲ့


အမှားကိုကျူးလွန်တဲ့သူဟာ တစ်နေ့တော့.တစ်ဘ၀မှာတော့ သူခံရမှာပဲ"  ဟုဆိုသူ လူထုစိန်ဝင်းဟာ စာပေစီစစ်ရေးမှ ခွင့်မပြုသောစာမူများကိုဆက်လက်ရေးသားထုပ်ဝေနေသူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်ဆက်လက်သတင်းရယူနေဆဲ့ဖြစ်တဲ့အတွက် အခြေအနေအအားလုံးကိုထပ်မံတင်ပြပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ။


No comments:

Post a Comment