Links

clock

Monday, June 18, 2012

KIA အဖွဲ့မှ မိုင်းခွဲပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယုဇနကုမဏီမှ အမျိုးသမီးဝန်ထမ်းတစ်ဦးသေဆုံးခဲ့

KIAတပ်မဟာ(၂) ရင်း(၁၄)အဖွဲ့ဟာ ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရင်ကွဲတောင်အနီး၌ နမ္မတီးမှမောင်းနှင်လာသည့် ယုဇနကုမဏီပိုင် ကားတစ်စီးအား အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့လို့ကားပေါ်မှာပါလာတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးဟာ ဖားကန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနကုမဏီမှ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

KIA အဖွဲ့ဟာ တံတားတေကွို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုတွေကိုပြုလုပ်တဲ့အပြင် ယခုဆိုရင် အပြစ်မဲ့စွာ
သွားလာလှုပ်ရှားနေသော ဒေသခံများကို ရက်စက်သွားသတ်ဖြတ်နေပါတယ်။ KIA တွေက ဆက်ကြေးကောက်၊မိုင်းထောင်၊ အတင်းအဓမ္မလူသစ်စု၊ အမျိုးသမီးများကို အတင်းအဓမ္မသားမယားအဖြစ် ပေါင်းသင်းခြင်းနဲ့ အကြောင်းမဲ့သတ်သတ် သတ်ဖြတ်ခြင်းတို့ကြောင့် ဒေသခံတွေက KIA ကို ရွံ့ရှာမုန်းတီး ကြောက်ရွံ့နေကြပါတယ်။ ကုန်စည်တွေပို့ဆောင်နေတဲ့ လမ်းတွေမှာ မိုင်းထောင်၊ လူသတ် လုပ်နေတာကြောင့် ကုန်သည်တွေက တနေရာကနေတစ်နေရာသို့ကုန်ပစ္စည်းပေးပို့ဖို့ မရွံ့မရဲဖြစ်နေကြပြီး ရွာတေမွှာ ကုန်ပစ္စည်းရှာ ပါးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒေသခံများကစားဝတ်နေရေး အခက်အခဲနဲ့ရင်ဆိုင်နေကြရတယ် နမ္မတီးမှဒေသခံတစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment