လွန်ခဲ့တဲ့ ၃ ရက်လောက်မှစပြီး KIAအဖွဲ့ဟာ မိုးမိတ်မြို့နဲ့မိုးလိုကျေးရွာများမှ ဆိုင်ကယ်ဖြင့် တောင်ပေါ်
ကျေးရွာများသို့ဈေးရောင်း၊aဈးဝယ်ပြုလုပ်နေသူများနဲ့မန်တုံမြို့နယ်သို့သွားလာသူများထံမှ ငွေတောင်းခံမှုများ
ပြုလုပ်နေတယ်လို့မိုးမိတ်မြို့မှ တောင်ပေါ်ဒေသသို့ ဈေးရောင်းချရန်သွားတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တစ်စီးကို ၂၀၀၀ ကျပ်ကောက်ခံပြီး ငွေမပေးတဲ့ဆိုင်ကယ်တွေ သွားလာခငွ့်မပြုပါဘူး၊ တောင်ခံနေတဲ့ KIAအဖွဲ့က တော်တော်လေးကို စုတ်ပြတ်စွာဝတ်စားထားပြီး ကျန်မာရေးချို့တဲ့နေတဲ့ပုံတွေ ဖြစ်နေကြပါတယ်။

ကောက်ခံတဲ့KIA အဖွဲ့က သူတို့က အခုလိုမတောင်းခံလိုကြဘဲ သူတို့က ဗဟိုက ထောက်ပံ့မှု မရရှိတဲ့ အတွက်အခုလို ဓါးမြဆန်ဆန်တောင်းခံနေရပါတယ်။ KIA ဗဟိုက အစိုးရတပ်ကိုတိုက်ဖို့ အမိန့်ဘဲပေးပြီး စားဖို့ရိက္ခာနဲ့ဆေးဝါးကိုတော့ ထောက်ပံ့မှုမပေးဘဲ အောက်ကတပ်ဖွဲ့ဝင်တွေကို တောထဲမှာဖြစ်သလိုထားထားပြီး ဗဟိုက ခေါင်းဆောင်တွေကျတော့ ဇိမ်ခံနေကြပါတယ်။ အစိုးရတပ်နဲ့ငြိမ်းချမ်းရေးနေတာကြားနေရပေမယ့် ဗဟိုကတော့ အစိုးရတပ်ကိုဆက်တိုက်ဖို့ဘဲ အမိန့်တွေပေးနေပါတယ်။ KIA အောက်က တပ်ဖွဲ့ဝင်တွေအားလုံးက ငြိမ်းချမ်းရေးကိုလိုချင်၊ စစ်ကိုမလိုလားဘဲ မိသားစုနဲ့ အတူတူ အေးဆေးစွာနေချင်ပေမယ့်လည်း KIA ခေါင်းဆောင် ပိုင်းတွေက သူတို့အာဏာတည်မြဲဖို့
ချမ်းသာဖို့အတွက် အောက်ခြေတပ်ဖွဲ့ဝင်များနဲ့ ဒေသခံတွေက ခံစားနေရပါတယ်လို့ ငွေကောက်ခံတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ ပါတယ်။

No comments:
Post a Comment