ချီဖွေမြို့နယ် မေခမြစ်အရှေ့ဘက်ကမ်းမှာ ရှိတဲ့ KIA အဖွဲ့တွေဟာ ရိက္ခာများမရှိ တော့သည့်အပြင်ဆေးဝါးများလဲမရှိတော့ဘဲဖြစ်နေပါတယ်။ ၀မ်းရောဂါ၊ ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့သော KIA တပ်ဖွဲ့ဝင် ၅ဦး ရှိနေပြီးအပင်အထန်ဖျားနေသူ ၁၅ဦးရှိနေပြီး ဖျားနားနေသူများကို ဆေးဝါးကုသမှုပြုလုပ်ဖို့ဆေးဝါးမရှိတဲ့အတွက် အခြေအ နေဆိုးဝါးတဲ့ အနေအထားကိုရောက်နေရပါတယ်။ အခုက မိုးတွင်းကာလသို့ရောက်ရှိနေတာကြောင့် သဲဝဲ စားခြင်းနဲ့အ ခြားသော ရောဂါများလဲဖြစ်ပွားနေကြပါတယ်။
ဒီလို ရိက္ခာပျက်လပ်မှု နာမကျန်းမှုတွေဖြစ်ပေါ်နေပေမယ့်လည်း KIA ဗဟိုက ထောက်ပံ့မှုတွေမပြုလုပ်ဘဲ အ စိုးရတပ်ကိုသာ တိုက်ဖို့မိန့်တွေကိုဘဲထပ်ခါထပ်ခါပေးနေ ပါတယ်။ ဒါကြောင့် အောက်ခြေတပ်ဖွဲ့ဝင်တွေမှာ စိတ်ဓာတ်ကျဆင်းလျက်ရှိပါတယ်။ မေခမြစ် တစ်ဖက်ကမ်းမှ KIA တပ်ဖွဲ့ဝင်တွေဘဲဒီလိုဒုက္ခတွေခံစားနေရတာမဟုတ်ဘဲ အ ခြားသောKIA တပ်ဖွဲ့ဝင်များတွေလဲ ယခုလိုခံစားနေရတယ်လို့ KIA တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ အောက်ခြေမှ ဒုက္ခတွေအမျိုးမျိုးခံစားနေကြရပေမယ့် KIA ဗဟိုကခေါင်းဆောင်တွေကတော့အေးအေးဆေးဆေး နဲ့ စားကောင်းသောက်ဖွယ်တွေမိန်းကလေးတွေနဲ့ပျော်မြူးနေကြပါတယ်။သူတို့အာဏာတည်မြဲရေးအတွက်ဘဲကြည့်ပြီး အောက်ခြေက KIA တပ်ဖွဲ့ဝင်တွေကို ဘာမှကြည့်ရှုထောက်ပံ့ခြင်းမရှိရိက္ခာပြတ်လပ်ပြီး ဒုက္ခခံစားနေရတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းထောက်
တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ပါတယ်။













No comments:
Post a Comment