ဝိုင်းမော်- ချီဖွေကားလမ်းမှရှိတဲ့ ဒွန်ဘန်ချောင်းကူးတံတား ကို မနေ့ မနက် ၂နာရီခွဲ လောက်တုန်းက KIA မှ
လာရောက်မိုင်းခွဲခဲ့သဖြင့် ကြမ်းခင်းမှာ ၅ပေ ပတ်လည်ပျက်စီး သွားခဲ့ပါတယ်။ တံတားမိုင်းပေါက်ကွဲသံကို နယ်ခြားစောင့်အ ဖွဲ့မှ ကြားပြီး လိုက်လံပစ်ခတ်ခဲ့ တဲ့အတွက် တံတားကို လာရောက် မိုင်းဖောက်ခွဲတဲ့ KIA အ ဖွဲ့မှ သူတွေကထွက်ပြေးခဲ့တယ် လို့သိရပါတယ်။

KIA အ ဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ အဓိကလမ်းကြောင်းတွေမှာရှိတဲ့ တံတားတွေကို ဖောက်ခွဲမှု
တွေပြုလုပ်နေတာဟာ အခုဆိုရင် တံတားပေါင်း ၂၀၀ ကျော်နေပြီး ဖြစ်ပါတယ်။ အဲဒီလိုဖောက်ခွဲခဲ့တဲ့အတွက်ဒေသခံတွေရဲ့စားဝတ်နေရေးကို လုံးဝအ ခက်အခဲ တွေကိုဖြစ်ပေါ်မှုတွေဖြစ်စေတဲ့အပြင် ဒုက္ခတွေကိုဖြစ်ပေါ်စေပါတယ်။လမ်းကြောင်းတွေကို ပိတ်ပင်မှုတွေ ဖျက်ဆီးမှုတွေကြောင့် ဒေသအတွင်းမှာ ကုန်စည်စီးဆင်းမှုမရှိသလောက် ဖြစ်ခဲ့ပြီးကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ဒေသခံတွေဒုက္ခရောက်နေကြရတယို့ ၀ိုင်းမော်မြို့မှ ဒေသခံတစ်Uီးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment