Links

clock

Sunday, September 2, 2012

သတင်းတို

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ADSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုသည် ယနေ့နံနက် ၉း၄၅ တွင် ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲ၏ အသေးစိတ် ရလဒ်များနှင့် ပတ်သက်၍ စက်တင်ဘာ ၃ ရက်နေ့တွင် ယုဇနဟိုတယ်၌ ကျင်းပမည့် ရှင်းလင်းပွဲ၌ သိလိုသည်များကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲအပြီးတွင် ကိုမိုးသီးဇွန်က သမ္မတဦးသိန်းစိန်အစိုးရနှင့် ယုံကြည်မှုတည်ဆောက်ပြီးပြီဖြစ်၍ ရှေ့ဆက်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက်နေသူများ ပြန်လာနိုင်ရန် ၎င်းတို့အနေဖြင့် သဘောတူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးနှစ်ဦးက ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ခဲ့ရာ ABSDF ဥက္ကဌဟောင်းများ လိုက်ပါသွားခဲ့ပြီး မည်သည့်ကိစ္စဖြင့် သွားရောက်သည်ကိုမူ မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment