Links

clock

Sunday, September 2, 2012

ဂစ်တာပုံပန်းချီကားတစ်ချပ်ကိုကျပ် ၅၈၈ သိန်းပေးဝယ်တဲ့ Sky Net နှင့်လေလံမအောင်သော်လည်းသိန်း၅၀၀ လှူခဲ့တဲ့ သူ


  ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပသော စေတနာဝဿန် ဂီတဖျော်ဖြေပွဲတွင် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့က ဂစ်တာပေါ်တွင် ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံတင် ရောင်းချရာ Sky Net က ကျပ်သိန်း ၅၈၈ အမြင့်ဆုံးပေး၍ လေလံအောင်သွားသည်။ အဆိုပါဂစ်တာကို လေလံဆွဲသူတစ်ဦးဖြစ်သော ဒေါ်သတိုးသူဇာအောင်က ကျပ်ရှစ်သိန်းရှစ်သောင်းပေး၍ လေလံကို စဖွင့်သည်။
နာမည်ေ
ကျာ်စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကလည်း ၀င်ရောက်လေလံဆွဲခဲ့ပြီး ကျပ်သိန်း ၅၀၀ အထိ ပေးခဲ့ရာ၊ Sky Net က အမြင့်ဆုံးဈေးဖြစ်သော ၅၈၈ သိန်းပေးကာ လေလံအောင်သွားခြင်းဖြစ်သည်။ လေလံမအောင်သော်လည်း ဦးဇော်ဇော်က ဧရာဝတီ၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည်။

ဂီတဖျော်ဖြေပွဲမှ အလှူငွေများ ထပ်မံရရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀ စီ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက ကြေညာသွားသည်။ ထို့ကြောင့် အထက်ပါဒေသသုံးခုမှ ဒုက္ခသည်များအတွက် လောလောဆယ် အလှူငွေရရှိမှုအရ တစ်နေရာလျှင် ကျပ်သိန်း ၂၀၀ စီ လှူဒါန်းမည်ဖြစ်သည်။

No comments:

Post a Comment