ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင် ရက်ပိုင်းတွေ အတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။
"အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။
ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့ ကိုယ့်ပြည် ကိုယ့်ဒေသမှာနေပြီးတော့ ကျွန်မတို့ ဒီလိုဖိအားနဲ့ နေရမှာလား။ ဒါကြောင့်မို့ ကျွန်မတို့ လုံးဝမနေနိုင်လို့ ဒီလိုတောင်းဆိုတာပါ" ဟု ရခိုင်အမျိုးသမီးတစ်ဦးမှပြော
ဆိုခဲ့ပါတယ်။မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။စစ်တပ်ဟာ ရခိုင်ပြည်နယ်တွင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကိုတာဝန်ယူ
ဆောင်ရွက်နေပြီး တပ်မတော်ရဲ့ပြည်သူတွေအပေါ်ထားတဲ့စေတနာအစစ်အမှန်ကို ဖော်ထုတ်ပြသနေသည့်အသွင်ဆောင်နေသည်
ဟု လေ့လာသုံးသပ်သူတစ်ဦးမှပြောဆိုပါတယ်။တပ်မတော်ရဲ့စေတနာအစစ်အမှန်စိတ်ရင်းခံဟာ ရခိုင်အရေးမှာ အမှန်တကယ်ပြသ
နိုင်ခဲ့ပြီလို့လည်းပြည်သူတွေမှပြောဆိုနေကြပါတယ်။













No comments:
Post a Comment