ဆူဇူကီးဖလားလေးကို အရသာ ခံကြည့်မယ်ကြံကာမှ မြန်မာအသင်း ဂိုးမသွင်းလို့ စိတ်တိုတာ တစ်မျိုး၊ ငြိမ်း ချမ်း စွာ စီတန်း လှည့်လည်ခွင့် ဥပဒေကို သိလျှက်နှင့် မသိ ဟန်ဆောင်သူများကို သတိပေး ချက်ကို ကြည့်ပြီး ၂၀၀၀ တန် ဆန္ဒပြခြင်းမှ ၅ ထောင်တန် ဆန္ဒပြခြင်းသို့ ကူးပြောင်းသွားသည့် လက် ပံတောင်း ကြေးနီ စီမံကိန်း သပိတ်သမားများကို စိတ်ပျက်မိရတာ တစ်မျိုး ဖြစ်နေရပေသည်။
အစိုးရသစ် ကူးပြောင်းသည်၊ အဖွဲ့အစည်းများကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးလိုက်သည်နှင့် တောမီး မလောင်ခင် တောကြောင်များ လတ်ခမောင်း ခတ်ကြတော့သည်။ စတင်လုပ်ကိုင်စဉ်၊ လျော်ကြေးများ ရစဉ်က အသံမထွက် တောင်မှတွင်းဖြစ်ကာ လုပ်ငန်းလည်ပတ်သည်ချိန်မှ မသိနားမလည် ပြည်သူများ ကို စည်းရုံးကာ ဆူပူမှုအား ဖန်တီးကြတော့သည်။
မူလတန်းကလေးများလည်း မနေရ။ ၁ ထောင်မကုန် စာတမ်းရေးပေးကာ ၁ သိန်းမက ရကြ၏
ဆူပူမှုကို လှုပ်ရှားနေသည့် အဖွဲ့များလူများကို ကြည့်ပြန်တော့ မော်လမြိုင် ABSDF ကျောင်းသားေ ဟာင်း ထောင် ထွက် ၀င်းကျော့မှူး၊ မုံရွာကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ခေါင်းစဉ် တပ်ထား သည့် နွေဦးကို၊ရဲရင့်ကျော် တို့တစ်သိုက်၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂဖြစ်မြောက်ရေး ဆိုသည့် အဖွဲ့ မှ သောင်းထိုက်ဦး၊ ၈၈ မျိုးဆက်ဟု ဆိုလာပြန်သည့် မျိုးသန့် အစရှိသဖြင့် ဘယ်အခါမှ နိုင်ငံရေးတွင် မကြား ဖူး သည့် သူများက ဦးဆောင်ခဲ့ကြသည်။ကြေးနီရောင်ဆံပင်ဆိုးကာ ကြေးနီစီမံကိန်းကို အသုံးချ ဆူပူမှုကို ဖန်တီးကြ၏
နောက်ကွယ်တွင် မည်သူရှိသည် မသိ။ ဆန္ဒပြသူအချို့ကို အစပိုင်းတွင် ၂၀၀၀၊ နောက်ပိုင်းတွင် ၅၀၀၀ ပေးနိုင်သည့် ကျောင်းသားအမည်ခံ အဖွဲ့များမှ ငွေကို ဖောဖောသီသီသုံးကာ လူစုကြ သည်။ နော က်ေ တာ့ သံ ဃာတော်များကိုပါ ထည့်သွင်းစည်းရုံးပြီး ဆားလင်းကြီး၊၀က်မှေး၊ မန္တလေး၊ စစ်ကိုင်းမှ ဘုန်းကြီး များ ပါဝင်လာကြပြန်သည်။ လက်ပံတောင်းကြေးနီ အမည်တပ်ကာ အဖွဲ့အစည်းများမှ နာမည် တစ်ခု ထွက်ရင်ပြီးရော နည်းလမ်းမျိုးစုံဖြင့် စည်းရုံးဆောင်ရွက်ကာ ကျောင်းသားလူငယ်ထုကို အဆိုပါ အရေး အခင်းတွင် ၈၈ ကဲ့သို့ ဆွဲသွင်းကြပြန်သည်။ ငွေရကောင်းအောင် ပါဖောမန့်များ ဖန်တီးကြ၏
သတင်းဂျာနယ်များမှာလည်း ရန်မီးမပွားလို၍ သင့်တင့်ယုံမျှသာ မှားယွင်းနေကြောင်း ဖော်ပြကြ၏။ လိုအပ် ချက် များ ထောက်ပြကြ၏။ သို့သော် ရွာသားဒေသခံအများစုမှာ အနီးရှိ စည်းရုံး ဆူပူသူများ ၏ ပေးကမ်းမှု များ တွင် သာယာလာပြီး အလုပ်ပျက်လည်း စားစရာ မပူမပင်ရတော့သဖြင့် ပျော်ရွှင်စွာဖြင့် ဆက်လက် ပူးပေါင်း ပါဝင်မြဲဖြစ်ကာ အဖွဲ့အစည်းများ၏ အသုံးချခံများ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြသည်။ ဥပဒေကိုပြကာ ဥပဒေကို သံဃာရှေ့တန်းတင် ချိုးဖောက်ကြ၏
လွှတ်တော်တွင် တင်ပြပြီးနောက် ကာကွယ်ရေးဝန်ကြီး၏ ကျိုးကြောင်းဆီလျော်စွာ ရှင်းပြချက်၊ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်တို့အရ ထိုသို့ ဆူပူမှုသည် တိုင်းပြည်ကို ထိခိုက် နစ်နာစေ မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့် ထုတ်ပြန် ရလေသည်။ တရား ဥပဒေ ဆိုသည်မှာ လုပ်သင့်သည်ကို လုပ်၍ မလုပ်သင့်သည့်အမှားများ မဖြစ်ပေါ် စေရန် ထိန်းကျောင်းနိုင် ဖို့ ပြဌန်း ထားခြင်းသာ ဖြစ်သည်။ ထိုဥပဒေကို ကျော်လွှားလုပ်ချင်သည့် အဖွဲ့အစည်းများမှ သံဃာတော် ၊ ကျောင်း သားများ၊ လယ်သမားများကို ရှေ့တန်းတင်ကာ သပိတ်တိုက်ပွဲ ဆင်နွှဲရန်အတွက် ရည်ရွယ်ချက် ရှိရှိ ဟန်ချက်ညီ လှုပ်ရှားခဲ့ကြလေသည်။ထို့ကြောင့် ထိုသို့ တားရသည်
ခဏတာရပ်ဆိုင်းထားသည့်အတွက် ဒေါ်လာ သန်းနှင့်ချီသော နစ်နာမှုများ၊ လုံးဝ ရပ်ဆိုင်း လျှင် ပေးချေ ရ မည့် ဘီလီယံနှင့်ချီသည့် လျော်ကြေးသည် နိုင်ငံတော်အတွက် မည်မျှ ဆုံးရှုံးနစ်နာကြောင်း ထိုအဖွဲ့ အ စည်း များမှ ပြည်သူများအား အသိပေးခြင်းမရှိ။ ဦးတည်ချက်သည်ကား လက်ပံတောင်းမှစ တစ်နိုင်ငံလုံး အုံကြွမှု ပင်ဖြစ်သည်။
No comments:
Post a Comment