စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြတဲ့ ယခင်က မန္တလေးမြို့ဟာ ယနေ့ဆိုလျှင် ဆိုင်ကယ်အများအပြားနှင့်စက်ဘီးနေရာများတွင် အစားထိုးဝင်ရောက်နေပြီဖြစ်ပါသည်။ညနေအလုပ်ဆင်းချိန် ကျုံးဘေးလမ်းမကြီးတွေမှာ စက်ဘီးတွေတိုးမပေါက်အောင် မြင်ခဲ့ရဖူးသော်လည်းယနေ့ချိန်တွင်တော့ ဆိုင်ကယ်ဟွန်းသံ ဆူညံစွာဖြင့်တိုးမပေါက်တော့ပါ။သို့သော်လည်း
ပြည်သူတွေအများဆိုင် ကယ်ကိုယ်စီစီးနင်းသွားလာနိုင်ပေမယ့် ယာဉ်ထိမ်းရဲ၏ ခရာတွတ်သံကိုတော့ လန့်နေရပါသေးသည်။အဘယ်ကြောင့်ဆိုသော် ဆိုင်ကယ်အများအပြားသည် လိုင်စင်မဲ့များဖြစ်နေသေးသောကြောင့်ဖြစ်ပါသည်။ ဆိုင်ကယ်များလိုင်စင်လုပ်မည့်အချိန်ကာလမှာ အလွန်းနည်းပါးသောကြောင့် ယင်းသို့လိုင်စင်မဲ့များရှိနေသည်ဟု မန္တလေးမြို့နယ်တစ်ခုကကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားရေးဦးစီးဌာန(ကညန) ရုံးရှေ့တွင် ဆိုင်ကယ်လိုင်စင်လုပ်ရန် တန်းစီနေ ရသောကျောင်းသူလေးတစ်ဦးမှ ပြောကြားခဲ့ပါတယ်။” ညီမ က အဝေးသင်တက်နေတာ ဒီလထဲမှာစာမေးပွဲတွေဖြေရတော့မယ် ဆိုင်ကယ်လိုင်စင်လုပ်ဖို့မနက်ကနေတန်းလာစီနေရတာ၊ ခု ညနေစောင်းနေပြီ ရှေ့မှာ အစီး နှစ်ထောင်ကျော်လောက်ကျန်သေးတယ် အချိန်အရမ်းပေးရတာ၊ သူက ဆိုင်ကယ်လိုင်စင်လုပ်မယ့်ကာလ ကနည်းပြီးဆိုင်ကယ်ကများနေတော့ စုပြုံပြီးရောက်လာတာ အလုအယက် ရန်တွေလည်းဖြစ်နေကြတာတွေလည်းအများကြီးပဲ၊ မလုပ်ပဲလဲမနေရဲဘူး ဒီကာလလုပ်ပေးပီးသွားလို့ Without တွေနောက်ပိုင်းဖမ်းမိရင် ဆိုင်ကယ်ကိုပါတစ်ခါတည်းသိမ်းမယ်တဲ့ “ ဟုပြောကြားသွားခဲ့ပါတယ်။မြန်မာနိုင်ငံအနှံ့ယခုလို ဆိုင်ကယ်လိုင်စင်လုပ် ပေးနေသော်လည်း မြို့နယ်အလိုက် လိုင်စင်ဈေး ကွာသည်ဟုသိရပါသည်။မန္တလေးမြို့ပေါ်လိုနေရာမျိုးတွင် 125 ဆိုင်ကယ်တစ်စီးကို ၇၅၀၀၀ိ/- ကျပ်ခန့်ပေးနေရပြီး မိတ္ထီလာမြို့တွင်တော့ ကျပ် ၅၀၀၀၀ိ/- ခန့်သာပေးရသည် ဟုသိရှိရပါသည်။ထို့အပြင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ခဈေးနှုန်းမှာ သာမန် 125 တရုတ်ဘီးမဟုတ်ပဲ တရုတ် ဒိုဟု ခေါ်ဆိုကြသော YAMAHA ထုတ်ဆိုင်ကယ်ပုံစံတူ ဘီးကြီးများအတွက်လိုင်စင်ဈေးနှုန်းမှာ ၁၂၀၀၀၀ိ/-(တစ်သိန်း နှစ်သောင်းကျော်ရှိသည်ဟု သိရပါသည်။ပြည်သူအများ၏ ပြောဆိုနေကြသည်မှာ “ဆိုင်ကယ်လိုင်စင်မဲ့တွေကိုဖမ်းဖို့ယခုလို လိုင်စင်ပြု လုပ်ကာလ ၄-၅ လပေးတယ်ဆိုတာ မဖြစ်သင့်ဘူးထင်တာပဲ၊ ခုခေတ်မှာဆိုင်ကယ်တွေကို တော်တော်များများစီးနေကြတာ လိုင်စင်ပြု လုပ်ခွင့်ကာလ က နှစ်ဝက်တောင်မရှိပဲ ရှိသမျှဆိုင်ကယ်တွေအားလုံးဒီကာလလေးမှာ အလုအယက် တိုးလုပ်နေရတာအဆင်မပြေဘူး၊ လူတိုးရတာ နဲနဲမဟုတ်ဘူး တစ်ခါတစ်လေ ညအိပ်စောင့်တာတောင် မရချင်ဘူး၊ ဒီတော့ တစ်ချို့ အလုပ်ကြားထဲက ခုလိုတစ်ရက်နှစ်ရက် အချိန်ပေးဖို့မဟန်ဘူးဗျ၊ တော်တော်အခက်တွေ့တယ်၊ ကျွန်တော်ပြောမယ်ဗျာ သူတို့ ဆိုင်ကယ်ကို တစ်နှစ်ပတ်လုံးပြည်သူတွေကြိုက်တဲ့ နေ့ ရုံးဖွင့်ရက်တွေမှာ လုပ်ခွင့်ပေးလေ၊ အဲဒါဆို အချိန်များတော့ခုလို တိုးကျိတ်နေစရာလည်းမလိုဘူး၊ ခုဆိုင်ကယ်အသစ်ဝယ် ခုချက် ခြင်းလိုင်စဉ်လုပ်လို့ရတယ်။အဲဒါကိုမှလာမလုပ်ပဲ Without ဖြစ်နေရင် ဖမ်းသိမ်းပေါ့၊အခုက လိုင်စင်လုပ်ဖို့လည်းအချိန်က ၄-၅ လ၊ အဆင်မပြေဘူးဗျ၊ တစ်နှစ်ပတ်လုံးရသင့်တယ်” ဟုပြောပြသွားပါသည်။ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများဆိုင်ကယ်ကိုယ် စီ စီးနေနိုင်ကြပြီ၊ဖုန်းတွေလည်းအတော်များများကိုင်နေနိုင်ကြပြီဖြစ်သည်။သို့ပါသော်လည်း ဖုန်းကိုင်နိုင်တဲ့လူဦးရေများလာပေမယ့် ဖုန်း လိုင်းတွေမကောင်းသလို၊ ဆိုင်ကယ်စီးနိုင်သူလူဦးရေများလာပါသော်လည်း ၎င်းတို့အတွက် လိုင်စင်လုပ်ခွင့်ရတဲ့အချိန်ကနည်းပါးလွန်း နေပါသည်။ထို့ကြောင့် ပြည်သူအများသည် ဆိုင်ကယ်စီးနိုင်ပါသော်လည်းလိုင်စင်လုပ်ချိန်မရသဖြင့် ဆိုင်ကယ်မစီးနိုင်သည့် ဘ၀နှင့်ထူး မခြားနားပင်ဖြစ်၍နေပါသည်။ Source: သဘာဝ














No comments:
Post a Comment