Links

clock

Saturday, October 27, 2012

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၂၅ ထိ စုစုပေါင်း၆၄ဦးသေဆုံး


ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင
်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များနှင့် ညိနှိုင်းဆောင်ရွက်နေကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက်ပာကြားခဲ့သည်။
EMG

No comments:

Post a Comment